တနင်္သာရီတိုင်းမှာတော့ စခန်းသိမ်းတိုက်ပွဲတွေဆက်တိုက်လုပ်နေတယ်။ ဒေသခံတွေကို စစ်ရေးသတိ ရှိဖို့နဲ့ လေကြောင်းကာကွယ်ရေးလုပ်ငန်းစဉ်တွေ လုံခြုံထိရောက်စွာလုပ်ဆောင်ထားဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားတယ်။ စစ်တပ်က သူတို့ရှုံးတဲ့စခန်းတွေကို ပြန်ရဖို့အတွက် လေကြောင်းပစ်ကူတွေဆက် တိုက်လုပ်နေတယ်။ တနင်္သာရီတိုင်းအတွင်းတော်လှန်ရေးအင်အားစုတွေဟာ မေလ ၈ရက်က ပဲဒက်စခန်းအားသိမ်းပိုက်ခဲ့သလို တနင်္သာရီမြို့နယ်၊ သိန္ဒောရွာရှိ စစ်ကောင်စီစခန်းကိုဧပြီလ ၂၃ ရက်နေ့မှ မေလ ၈ ရက်နေ့အထိထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေကတော့ အခုအချိန်ထိအရှိန် ကောင်းနေဆဲပါပဲ။ ပြည်သူတွေဒုက္ခရောက်ရပေမယ့် ဆက်ပြီးတောင့်ခံထားနိုင်ကြပါစေလို့ပဲ ဆုတောင်း နေမိပါတယ်။
ဒီဇင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)
ရခိုင်ပြည်နယ်၊အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုအေအေဘက်ကထုတ်ပြန်လာပါတယ်။ဓာတ်ပုံတွေထဲမှာ အေအေရဲ့ထိုးစစ်ကြောင့်နပခဌာနချုပ်အဆောက်အအုံကြီးတစ်ခုလုံး မီးလောင်ပျက်စီးနေတာကိုရှင်းလင်းစွာတွေ့မြင်ရတယ်။ထုတ်ပြန်မှုထဲမှာတိုက်ပွဲအတွင်း လက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေလဲပါတယ်။...