ကရင်ပြည်နယ်၊မြဝတီမြို့ရဲ့အခြေအနေကတော့စိတ်ဝင်စားစရာကောင်းနေပါပြီ။
စစ်ကောင်စီဟာ ဒီနှစ်ထဲမှာပဲ တနိုင်ငံလုံးမှာ နယ်စပ်ကုန်သွယ်ရေးအချက်ချာမြို့တွေ တစ်ခုပြီးတစ်ခု လက်လွတ်နေရတယ်။ ပထမဆုံးရှမ်းမြောက်မှာ တရုတ်နဲ့ကုန်သွယ်တဲ့ မူဆယ်နဲ့ချင်းရွှေဟော်မြို့တွေ၊ ချင်းပြည်နယ်အိန္ဒိယနယ်စပ်ကရိခေါဒါမြို့၊ ပြီးတော့ကချင်ပြည်နယ်မှာလွယ်ဂျယ်မြို့၊ အခုမြဝတီမြို့တို့ ဖြစ်တယ်။ တော်လှန်ရေးအဖွဲ့တွေ အရင်ကရရှိခဲ့တဲ့နယ်စပ်ကုန်သွယ်ရေးမြို့တွေကို သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့တွေရဲ့ပါးနပ်မှုကြောင့် မပျက်မစီးပဲအကောင်းအတိုင်းနီးပါးရရှိခဲ့တယ်။ စစ်ကောင်စီဟာ သူတို့လက်လွတ်လိုက်ရတဲ့မြို့တွေကို လေကြောင်းဒါမှမဟုတ် လက်နက်ကြီးတွေနဲ့ အဆုံးစွန် ဖျက်စီးတတ်ကြတယ်လေ။ အခုမြဝတီမြို့ကိုလဲ မပျက်မစီးပဲ ဘယ်လိုရအောင်KNUအနေနဲ့ ကိုင်တွယ်မလဲဆိုတာကိုစောင့်ကြည့်ရမယ်။မြဝတီမြို့က နောက်ဆုံးကျန်နေတဲ့စစ်ကောင်စီရဲ့မြို့စောင့်တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေစဉ်မှာပဲ စစ်ကောင်စီကမြဝတီမြို့ကို စစ်ကူပေးဖို့အတွက် ကရင်ပြည်နယ်မြို့တော် ဘားအံကနေ စစ်ကူစစ်ကြောင်းတစ်ခုစေလွှတ်လိုက်ပြီလို့သိရတယ်။ ထိုစစ်ကြောင်းမှာ သံချပ်ကာကားတွေနဲ့ စစ်သူပုန်တွေကိုသယ်ဆောင်လာတဲ့ကားပေါင်း၂၀ ပါဝင်လာတယ်။ အင်အားအနေနဲ့ကတော့၅၀၀နဲ့၁၀၀၀ကြားရှိမယ်လို့ခန့်မှန်းရတယ်။ ပွဲကတော့ ပိုပြီးကြည့်ကောင်းလာပါပြီ။
မီးစာကုန် ဆီခန်းလာသည့် နိုင်ငံ
မြန်မာနိုင်ငံသားတဦးအတွက် လျှပ်စစ်မီး မလာခြင်း၊ လျှပ်စစ်မီး မမှန်ခြင်း၊...