အကြမ်းဖက်စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင် အလုပ်သမားများ နယ်ပြန်ကြခြင်း၊ အလုပ်မှ ထွက်ခွာကြခြင်းများ အကြီးအကျယ် ကြုံတွေ့နေရပြီး အလုပ်သမားပြတ်လပ်မှုကြောင့် စီးပွားရေးကဏ္ဍတစ်ခုလုံး ကြီးမားစွာ သက်ရောက်နေပါပြီ။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြီးချိန်မှစတင်ပြီး နယ်မှ လာကြသည့် အလုပ်သမားများသည် သက်ဆိုင်ရာ မိခင်မွေးရပ်မြေများသို့ ပြန်လည်ထွက်ခွာနေကြပြီး စစ်မှုဇုန်မှ အဆောင်နေ အလုပ်သမားများကို ဧည့်စာရင်းဥပဒေဖြင့် ဖမ်းဆီးခြင်း၊ စစ်တပ်ထဲသို့ ပေါ်တာဆွဲမှုများ ဖြစ်ပေါ် လာပြီးနောက် အခြေအနေ ပိုမိုဆိုးဝါးလာနေတယ်။ ညဘက်တွေ ဧည့်စာရင်းတွေ စစ်ပြီး နယ်မှတ်ပုံတင် အဆောင်နေအ လုပ်သမားတွေ အဖမ်းခံရတယ်။ စစ်ထဲ ခေါ်ရသလိုလို သတင်းကြားပြီး လူတွေ ပျောက်ကုန်တယ်။ အဲဒီမှာ အလုပ်သမားတွေလည်း အကုန် နယ်တွေပြန်ကြတယ်။ မတ်လ ၁၃ ရက်နေ့ စစ်မှုထမ်းဆင့်ခေါ်စာနဲ့ မဲနှိုက်ဖို့ စာတွေ ဝင်လာတော့။ နယ်က မိဘတွေက သူတို့သားတွေကို ပြန်ခေါ်ကြတယ်။ အဲဒီမှာ စက်ရုံတွေမှာ အလုပ်သမားမရှိသလောက်ဖြစ်ကုန်တယ်။ အဆောင်နေတဲ့ အလုပ်သမားတွေလည်း မနေရဲတော့ဘဲ ထွက်ပြေးကုန်တယ်။ ထိုဂယက်ဟာ စက်မှုဇုန်တွေဘက်မှာ အရမ်းရိုက်ခတ်ပါပြီ။ အလုပ်သမားတွေ အတော်ကို နည်းသွားပြီ။ အမျိုးသမီးတွေချည်းပဲ ကျန်တော့တဲ့ အခြေအနေမျိုးဖြစ်နေပြီ။
စီးပွားရေးနှင့်စက်ရုံအလုပ်ရုံများတွင် စစ်မှုထမ်း ဥပဒေကြောင့် အလုပ်သမား ရှားပါးမှုနှင့် ပြတ်လပ်မှုများ ကြုံလာရသည့်အပြင် အောက်ခြေတွင်လည်း ဧည့်စာရင်းဖြင့်နေသူများ၊ အဆောင်နေ အလုပ်သမားများကို ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များက အနိုင်ကျင့် ဗိုလ်ကျမှုများ၊ ငွေညှစ်မှုများ၊ ဖမ်းဆီးမှုများ ဆက်တိုက်ကြုံနေရတယ်။ စစ်မှုထမ်းဥပဒေထွက်ထားတာ ဘာမှမကြာသေးတဲ့အချိန်မှာပဲ အခြေအနေတွေဟာဆိုးဝါးလာနေပါပြီ။ ဒါဟာအစပဲရှိသေးတယ်။ နောက်ကိုဒီထက်ပိုဆိုးဖို့ပဲရှိမယ်။