ညီနောင်မဟာမိတ်၃ဖွဲ့နဲ့စစ်ကောင်စီတို့နောက်ဆက်တွဲသဘောတူညီထားတဲ့အချက်တွေသာတကယ်ဖြစ်လာရင်မြောက်ပိုင်း၃ဖွဲ့ဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာ၁၀၂၇စစ်ဆင်ရေးကိုဆက်မလုပ်တော့ဘူးလို့ယူဆလို့ရတယ်။သဘောတူညီချက်တွေထဲမှာနယ်စပ်ကုန်သွယ်ရေးပြန်စဖို့လဲပါနေတယ်လေ။နယ်စပ်ကုန်သွယ်ရေးပြန်စနိုင်ရင်တိုက်ပွဲတွေပြန်ဖြစ်ဖို့ကဝေးသွားပြီလေ။မြန်မာပြည်နဲ့နယ်စပ်ကုန်သွယ်ရေးပြန်စနိုင်ဖို့ကလဲတရုတ်ပြည်နဲ့ထိစပ်နေတဲ့ယူနန်ပြည်အတွက်အရေးပါနေတယ်။ဒါ့ကြောင့်လဲတရုတ်ကတွန်းတွန်းတိုက်တိုက်လုပ်နေတာပဲ။
ဒါပေမယ့်တစ်ခုစောင့်ကြည့်ရမှာကစစ်ကောင်စီဟာထိုသဘောတူညီချက်တွေကိုကျေနပ်တဲ့ပုံမပေါ်ဘူး။MNDAAကိုနယ်မြေတွေအပိုင်ပေးလိုက်ရတာခြင်း၊ကုန်သွယ်ရေးမှာရာခိုင်နှုန်းအမြောက်အမြားခွဲပေးလိုက်ရတာခြင်းစတဲ့အချက်တွေဟာစစ်ကောင်စီကိုအထိနာစေတယ်။သူတို့ဟာစစ်ပွဲမှာခွက်ခွက်လန်အောင်ရှုံးခဲ့ပေမယ့်ဆွေးနွေးပွဲမှာတော့အပေါ်စီးကနေချင်သေးတယ်။အခုချိန်ထိသူတို့အရှုံးကိုလက်မခံနိုင်သေးဘူး။အဲ့ဒီတော့သဘောတူညီချက်တွေကိုကပျက်ယပျက်လုပ်နိုင်တယ်။ဒါပေမယ့်ဒါတွေဟာမှန်းဆချက်သက်သက်သာဖြစ်ပြီးလောလောဆယ်တော့ရှမ်းမြောက်မှာနောက်စစ်ဆင်ရေးလှိုင်းတလုံးလာဖို့ဝေးသွားပါပြီ။