Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

March 3, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား စီးပွားရေး သောင်းကျန်းသူဟု စစ်ဗိုလ်ချုပ် အသိုင်း အဝိုင်းက သူ့ကွယ်ရာတွင် ခေါ်ဝေါ်လေ့ ရှိသည်။ ထိုသို့ ပြောရလောက်အောင်လည်း တကယ်ပင် စီးပွားရေးသောင်းကျန်းသူ တဦး ဖြစ်သည်မှာ အမှန်ပင်။

ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပြီးနောက်ပိုင်း စစ်တပ်နှင့် ပတ်သက်သော စီးပွားရေး လုပ်ငန်းများအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မိသားစု ဝင်ရောက်လုပ်ကိုင်လာခဲ့သည်မှာ အသက် အာမခံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆေး ပစ္စည်း တင်သွင်းသည့် လုပ်ငန်းအပြင် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများတွင်ပါ ဝင်ရောက် လုပ်ကိုင် လာခဲ့သည်။

လက်ရှိအချိန်တွင် စစ်လက်နက်ပစ္စည်းထုတ် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) များနှင့် ပတ်သက်သော လုပ်ငန်းများ အား အဓိက လုပ်ပိုင်ခွင့်ရ ကုမ္ပဏီမှာ စစ်ခေါင်းဆောင်၏သား ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သည့် Authentic Group of Company ဖြစ်သည်ဟု စစ်တပ် အသိုင်းအဝိုင်းက ဆိုသည်။

အထူးသဖြင့် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး သိန်းဌေး အနားယူသွားပြီး နောက် ကပစ များနှင့်ဆိုင်သော လုပ်ငန်းများ၊ စစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) လက်အောက်ရှိ လုပ်ငန်းများ အတွက် လိုအပ်သော ကုန်ကြမ်းတင်သွင်းသည့်လုပ်ငန်းအား Authentic Group Of Company မှ အဓိက လုပ်ပိုင်ခွင့် ရလာခဲ့ သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးနှင့် ပတ်သက်၍ တာဝန်ယူခဲ့သည့် ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးသည် မြောက်ကိုရီးယားနိုင်ငံမှ စက်သုံးပစ္စည်းများ မဝယ်ယူရန် ကန့်သတ် ထားသည့် ကုလသမဂ္ဂ၏ တားမြစ်ချက်များကို ချိုးဖောက်သည်ဟုဆိုကာ ၂၀၁၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ ဘဏ္ဍာရေး ဝန်ကြီးဌာနက ပိတ်ဆို့ အရေးယူခံရသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး၏ လက်ထက်တွင် ကာကွယ်ရေးပစ္စည်း စက်ရုံများ တည်ဆောက်မှုကို သူနှင့် ရင်းနှီးသော ဦးကျော်ဟိုး ပိုင်သည့် AMC (Asia Metal Company) နှင့် ဦးကျော်ဟိန်း ပိုင်ဆိုင်သော CHC (ချမ်းဟိန်းကုမ္ပဏီ) တို့သည် အဓိက လုပ်ပိုင်ခွင့်ရခဲ့သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီးနောက် ကပစ စက်ရုံများအတွက် Authentic Group Of Company သည် တဖြည်းဖြည်း လုပ်ပိုင်ခွင့်ရလာခဲ့သည်ဟု ဆိုရမည်။

အထူးသဖြင့် စစ်ခေါင်းဆောင်၏ လူယုံတဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ညိုစော စစ်ထောက်ချုပ် ဖြစ်လာသည့်ကာလမှစ၍ စစ်တပ်နှင့် ပတ်သက်သော လုပ်ငန်းများအား စစ်ခေါင်းဆောင် သားနှင့်သမီးမှာ ပိုမိုလုပ်ပိုင်ခွင့်ရလာရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သား ကိုအောင်ပြည်စုံပိုင် သော Authentic Group Of Company နှင့် Sky One ဆောက်လုပ်ရေး ကုမ္ပဏီ တို့သည် စစ်တပ် ဆောက်လုပ်ရေး လုပ်ငန်းများကို အဓိက လုပ်ပိုင်ခွင့်ရခဲ့သည်။

အမြတ်အစွန်းနည်း၍ ၎င်းတို့ မလုပ်လိုသော စစ်တပ်ဆောက်လုပ်ရေးလုပ်ငန်းများမှသာ တခြားသူက လုပ်ခွင့်ရသည့် အထိ ဖြစ်လာသည်။

 

သို့သော် Authentic Group Of Company ၏ အင်တာနက်ဝက်ဆိုက်တွင် အုပ်ချုပ်မှု ဒါရိုက်တာအဖြစ် ဦးအောင်မျိုးဟိန်း၊ ဒါရိုက်တာအဖြစ် ဒေါ်နီနီတင်ထွန်း၊ ဥက္ကဋ္ဌအဖြစ် ဒေါက်တာ ထွန်းသန်းထွန်း ဟု ဖော်ပြထားသည်။

သို့သော် အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်မျိုးဟိန်းသည် စစ်ခေါင်းဆောင်သား ဦးအောင်ပြည့်စုံ၏ သူငယ်ချင်းဖြစ်ပြီး စစ်အင်ဂျင်နီယာ ကျောင်းဆင်းတဦး ဖြစ်၏။ နောက်ထပ် ဒါရိုက်တာဖြစ်သူ ဒေါ်နီနီတင်ထွန်းသည် ဦးအောင်မျိုးဟိန်း၏ ဇနီးဖြစ်ပြီး စစ်အင်ဂျင်နီ ယာ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တင်ထွန်း၏ သမီးလည်း ဖြစ်သည်။

ဥက္ကဋ္ဌအဖြစ် ဖော်ပြထားသူ ဒေါက်တာ ထွန်းသန်းထွန်းသည် DSTA တွင် နည်းပြဆရာလုပ်ခဲ့သူဖြစ်ပြီး ဦးအောင်မျိုးဟိန်း ၏ ဆရာတဦးလည်း ဖြစ်သည်။

ထိုကဲ့သို့ ဖော်ပြထားသော်လည်း Authentic Group Of Company ၏ ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသူမှာ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၏သား ဦးအောင်ပြည့်စုံဖြစ်ပြီး ကုမ္ပဏီပိုင်ရှင်လည်း ဖြစ်သည်။

“ကိုအောင်မျိုးဟိန်းက ရှေ့ထွက် တယောက်ပါပဲ။ တကယ် ကုမ္ပဏီပိုင်ရှင်က ကိုအောင်ပြည့်စုံပါ” ဟု MEC တွင် တာဝန် ထမ်းဆောင်ခဲ့သူတဦးက ဆိုသည်။

ထို့ကြောင့်လည်း စစ်တပ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ ကပစနှင့် ပတ်သက်သော လုပ်ငန်းများအား Authentic Group Of Company မှ လုပ်ပိုင်ခွင့် တဖြည်းဖြည်း ရလာခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခု မတ်လက ဆေးဝန်ထမ်းတပ်ကို စွန့်၍ CDM လုပ်ခဲ့သူ အရာရှိတဦးကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တပ်တွင်းနာမည်ပြောင်မှာ “ကန်ထရိုက်တာ” ဖြစ်ကြောင်း၊ တပ်စစ်သည့်အခါ ဟောင်းနွမ်းသည့် အဆောက်အအုံများ ကို မသင့်တော်ဟု မှတ်ချက်ချ၍ အသစ်ဆောက်ခိုင်းသော်လည်း သက်ဆိုင်ရာ စစ်အင်ဂျင်နီယာတပ်ကို အပ်နှံခြင်းမျိုး မဟုတ် သူ့ မိသားစုပိုင် ဆောက်လုပ်ရေးကုမ္ပဏီများသာ လုပ်ခိုင်းကြောင်းဆိုသည်။

“သူ့ကို ကွယ်ရာမှာ ကန်ထရိုက်တာလာပြီတို့ ပရောဂျက်လာရှာတယ်တို့ ပြောတာ တခြားမဟုတ်ဘူး၊ သူက တပ်လာစစ် တာနဲ့ ဒါတွေက မကောင်းဘူး ပြင်ရမယ် အသစ်ဆောက်ရမယ်လို့ ညွှန်ကြားတယ်၊ သဘောအရ တပ်ရဲ့ ဆောက်လုပ်ရေး GE ကို အပ်ရမယ်၊ မရရင် တင်ဒါခေါ် ဈေးအနည်းဆုံးနဲ့ အကောင်းဆုံးကွာလတီရမယ့် သူကို ရွေးရမယ်၊ သူ့လက်ထက် မှာတော့ ဒါတွေမရှိတော့ဘူး၊ သူလက်ညှိုးညွှန်တဲ့ ဆောက်လုပ်ရေး ပရောဂျက်တွေ အကုန်လုံးကို တပ်မှူးတွေက မှတ်ပြီး အလိုက်တသိဘဲ သူ့သား၊ သူ့တူ ဒါမှမဟုတ် ဆက်စပ်တဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေကို အပ်ရတယ်” ဟု အဆိုပါ CDM အရာရှိက ပြောသည်။

ရန်ကုန်မြို့ မင်္ဂလာဒုံရှိ အမှတ် (၁)တပ်မတော်စစ်ဆေးရုံ (ကုတင် ၁၀၀၀) တွင် ကုသဆောင်ကြီးတလုံးနှင့် အထပ် ၄ထပ်ရှိ အမျိုးသမီး အရာရှိများ နေထိုင်ရာ အဆောင်ကို အောင်ပြည်စုံပိုင်သည့် Authentic Group Of Companyက ဆောက်ခဲ့ရာ အရည်အသွေးညံ့သဖြင့် ဆောက်ပြီး တနှစ်အတွင်း အပျက်အစီးများသော်လည်း ၎င်း၏ သားဖြစ်သည့်အတွက် မည်သူကမှ အရည်အသွေးမစစ်နိုင် မဝေဖန်နိုင်ကြောင်း သိရသည်။

ထို့အပြင် တပ်မတော်သို့ ပြည်ပမှ တန်ဖိုးကြီး ဆေးဝါး တင်သွင်းခွင့်ကိုလည်း ၎င်း၏ အောင်ပြည့်စုံနှင့် ဆက်စပ်သူများက သာ တင်သွင်းခွင့် ရကြောင်း အဆိုပါ CDM အရာရှိက ပြောသည်။

အလားတူ စစ်ခေါင်းဆောင်၏ သား ပိုင်သော ကန်သာယာဆေးရုံနှင့် သမီး ပိုင်ဆိုင်သော မိုးကောင်းရတနာဆေးရုံတို့အား Authentic Group Of Company က ဆောက်လုပ်ပေးခဲ့ရာ နိုင်ငံပိုင်စက်ရုံထုတ် ဘိလပ်မြေခွဲတမ်း အများဆုံး ရရှိသည်။

လက်ရှိအချိန်တွင် Authentic Group Of Company သည် ကပစ စက်ရုံများနှင့်ဆိုင်သော ဆောက်လုပ်ရေး လုပ်ငန်းများ PVC ပိုက် ရောင်းချခြင်းနှင့် ကော်စေ့တင်သွင်းခြင်း လုပ်ငန်းများအား လုပ်ပိုင်ခွင့်ရထားသည်ဟုလည်း CDM လုပ်ထားသည့် စစ်အင်ဂျင်နီယာတဦးက ဆိုသည်။

Authentic Group Of Company ၏ အင်တာနက်စာမျက်နှာတွင် ယင်းကုမ္ပဏီအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန် သွယ်ရေးလုပ်ငန်း၊ ထုတ်လုပ်ရေးလုပ်ငန်း၊ ရေနှင့်ရေဆိုးသန့်စင်သည့်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းတို့ကို လုပ်ကိုင်သည် ဟု ဖော်ပြထားသည်။

ရန်ကုန်တိုင်း၊ ပုလဲမြို့နယ်တွင်ရှိသော သစ္စာထုတ်လုပ်ရေးစက်ရုံသည် Authentic Group Of Company အုပ်စုဝင် ကုမ္ပဏီ တခု ဖြစ်သည်။ အဆိုပါ သစ္စာထုတ်လုပ်ရေးစက်ရုံမှ PVC ပိုက်များ၊ သိုလှောင်ကန်ကြီးများ ထုတ်လုပ်ပြီး အဆိုပါ ကုမ္ပဏီမှ ထုတ်လုပ်သော ပစ္စည်းများအား ကပစ စက်ရုံများသို့ ရောင်းချခွင့်ရထားသည်။

“PVC ပိုက်အကြီးတွေက DI (ကပစ) စက်ရုံတွေမှာ သုံးတာ။ အဲဒီပိုက်တွေကို ပုလဲမြို့နယ်မှာရှိတဲ့ မင်းအောင်လှိုင်သား ကုမ္ပဏီကနေ ဝယ်တာ” ဟုလည်း စစ်အင်ဂျင်နီယာတဦးကဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်း ရေပေးဝေရေလုပ်ငန်း အပိုင်း ၁ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းနှင့် မိတ္တီလာမြို့ ရေပေးဝေရေးလုပ်ငန်းတို့ပါ လုပ်ပိုင်ခွင့်ရထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်၏ သား ပိုင်ဆိုင်သည့် Authentic Group Of Company သည် ကပစ နှင့် MEC အောက်ရှိ လုပ်ငန်းများအတွက် အဓိက ကုန်ပစ္စည်းတင်သွင်းခွင့်နှင့် ဆောက်လုပ်ခွင့်ရလာသည့် ကုမ္ပဏီဖြစ်လာခဲ့ သည်။

မြန်မာနိုင်ငံတွင် စစ်ပွဲများဖြစ်ပွားမှုများလာသည်နှင့်အမျှ ကပစ စက်ရုံများနှင့် MEC လုပ်ငန်းများအတွက် ကုန်ကြမ်း တင်သွင်းခွင့်ရသူများလည်း တစထက်တစ ပိုမို ချမ်းသာလာမည် ဖြစ်သည်။ ။

Source – Mizzima

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English