ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်မှာစစ်ကောင်စီရဲ့ရဟတ်ယာဉ်တစ်စီးကိုKNUကပစ်ချလိုက်ပြန်ပါတယ်။ပစ်ချခံရတဲ့ရဟတ်ယာဉ်ဟာအရင်လိုတိုက်ခိုက်ရေးရဟတ်ယာဉ်မဟုတ်ပဲစစ်ကောင်စီရဲ့အကြီးအကဲပိုင်းတွေစီးလေ့ရှိတဲ့VIPရဟတ်ယာဉ်မျိုးဖြစ်တယ်။ဒါ့ကြောင့်ထိုရဟတ်ယာဉ်ပေါ်မှာတပ်ချိန်းဖို့ပါလာတဲ့တပ်မ၂၂တပ်မှုးဗိုလ်မှုးချုပ်အဆင့်တစ်ယောက်နဲ့တပ်ရင်းမှုးအဆင့်တစ်ယောက်အပါအဝင်အားလုံးသေဆုံးသွားပါတယ်။ထိုရဟတ်ယာဉ်ကိုမြေပြင်ကလေယာဉ်ပစ်လက်နက်မျိုးနဲ့ပစ်တာမဟုတ်ပဲစနိုက်ပါ၊စက်သေနတ်စတဲ့သမရိုးကျလက်နက်တွေကိုသာအသုံးပြုပစ်ချနိုင်ခဲ့တာလို့သိရတယ်။ဒါ့အပြင်အဆိုပါVIPရဟတ်ယာဉ်မျိုးဆင်းမယ့်အချိန်နဲ့နေရာကိုတော်လှန်ရေးတပ်တွေဘက်ကကြိုတင်သိရှိထားနိုင်တဲ့သတင်းလက်ဦးမှုနဲ့သတင်းစီးဆင်းနိုင်စွမ်းကအတော်အားရဖို့ကောင်းတယ်။ဒါ့ကြောင့်လဲစစ်ကောင်စီဘက်ကတပ်မမှုးအဆင့်ရှိတဲ့တစ်ယောက်ကိုပါအဆစ်ရလိုက်တာပေါ့။မှတ်မိသလောက်ပြောရရင်ဒီလပိုင်းထဲမှာပဲစစ်ကောင်စီဘက်ကတပ်မမှုးအဆင့်အနည်းဆုံးသုံးဦးဆုံးရှုံးသွားပါပြီ။ရှမ်းမြောက်မှာတပ်မ၉၉တပ်မမှုးနဲ့တပ်မ၁၀၁တပ်မမှုးနှစ်ဦးစစ်ပွဲအတွင်းသေဆုံးခဲ့ပြီးအခုတပ်မ၂၂တပ်မမှုးပစ်ချနိုင်ခဲ့တ
ဇွန် ၁၉၊ ၂၀၂၅။ (ကြာသပတေး)
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန်ဒေါင့်ရွာရဲစခန်းကို တော်လှန်ရေးစုပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်လိုက်ပါပြီ။ထိုစခန်းကိုဒီလ ၂ရက်နေ့ ကတည်းက...