ဒီနေ့တော့လေငြိမ်နေတယ်။ Mobile Internet တွေဖြတ်ထားလို့လား။ ဒါမှမဟုတ် မုန်တိုင်းမလာခင် လေငြိမ်ခြင်းမျိုးလား။
လူမှုကွန်ယက်တွေမှာတော့သတင်းတွေသိသိသာသာကျဲသွားတယ်။ ပြည်တွင်းအခြေစိုက်သတင်းဌာနတွေ အကုန်ပိတ်ခံရတယ်လေ။ ပုဂ္ဂလိက သတင်းစာတွေလဲမထွက် နိုင်တော့ဘူး။ နောက်ဆုံးကျန်တဲ့ Print Media ဖြစ်တဲ့ စံတော်ချိန်သတင်းစာတောင် မနက်ဖြန်ကစနားပြီတဲ့။
နိုင်ငံတကာသတင်းတွေမှာတော့ US ဘက်ကလှုပ်ရှားနေတဲ့အသံတွေတော့ထွက်လာတယ်။ ဘာမှန်းတော့ သေချာမသိသေးပါ။ ဒီနှစ်ရက်သုံးရက်အတွင်းထူးခြားမယ်ထင်တယ်။