Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

November 6, 2023
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

တနင်္ဂနွေနေ့က နေပြည်တော်တွင် ပြုလုပ်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် အခမ်းအနားတွင် ထူးခြားသည့် ထိုင်ခုံကြီးတလုံး ချထားသည်ကိုတွေ့ရသည်။ အဆိုပါ ထိုင်ခုံကြီးသည့် တခြားသော ထိုင်ခံများထက် ပိုကြီးနေကာ ထိုင်ခုံအားလုံး၏ ရှေ့ကိုလည်း သိသိသာသာ ထွက်နေသည်။ အာဏာမသိမ်းမီ ရှေ့အစိုးရနှစ်ဆက် ကျင်းပခဲ့သည့် ပွဲများတွင် ထိုကဲ့သို့ မတွေ့ခဲ့ရပေ။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ခန်းမထဲသို့ ဝင်လာသည့်အခါ သီးခြားဖြစ်နေသော အဆိုပါခုံကြီးတွင် ဝင်ထိုင်လိုက်သည်။ အဆိုပါမြင်ကွင်းမျိုးသည် NCA သမိုင်းတလျှောက် ပထမဆုံးမြင်ရသည့်မြင်ကွင်းလည်း ဖြစ်နေသည်။

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီ မျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

သမ္မတဦးသိန်းစိန်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်များတွင် ကျင်းပသော NCA ပွဲများတွင် အစိုးရ လွှတ်တော် တပ်မတော်နှင့် တိုင်းရင်းသားခေါင်းဆောင်များ တတန်းတည်း ထိုင်ကြသည်။ ထို့ကဲ့သို့ နေရာချထားရခြင်းသည့် တန်းတူရေးကိုပြသလိုခြင်းဖြစ်သည်ဟု NLD အစိုးရလက်ထက်တွင် အခမ်းအနားများ ပြင်ဆင်ရသူတဦးက ဆိုသည်။

မင်းအောင်လှိုင်အနေဖြင့်မူ NCA လက်မှတ်ရေးထိုးခြင်းအား သူဦးဆောင်ခဲ့သလို ဟန်ဆောင်ပြီး ယခုနှစ်တွင် တခမ်းတနားကျင်းပရန် ပြင်ဆင်ခဲ့သည်။ NCA စာချုပ် လက်မှတ်ရေးထိုးစဉ်က ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသူများ အားလုံးကို ဖိတ်ကြားခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် EAO ၁၀ ဖွဲ့သည် ထိုသဘောတူညီချက်ကို လက်မှတ်ရေးထိုးကြပြီး ၎င်းတို့အနက် ၈ ဖွဲ့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် အရပ်သားအစိုးရတုနှင့် လက်မှတ်ရေးထိုးခြင်းဖြစ်ပြီး ၂ ဖွဲ့မှာ ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနှင့် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလတွင် လက်မှတ်ရေးထိုးသည်။

ဝေဖန်မှုများရှိသော်လည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်/ငြိမ်းချမ်းရေးကောင်စီ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးကောင်စီ၊ ရခိုင်လွတ်မြောက်ရေးပါတီ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်၊ မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ် သမဂ္ဂ စသည့် NCA လက်မှတ်ထိုးသည့် အဖွဲ့ ၇ ဖွဲ့သည် တနင်္ဂနွေနေ့က ပြုလုပ်သည့် အခမ်းအနားသို့ တက်ရောက်သည်။

လက်မှတ်ရေးထိုးသည့် အခြားအဖွဲ့ ၃ ဖွဲ့ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတို့သည် စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေပြီး ထိုအခမ်းအနားကို သပိတ်မှောက်သည်။ စစ်ကောင်စီက အကြမ်းဖက်မှုမရပ်လျှင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်မည်မဟုတ်ကြောင်း ထိုအဖွဲ့များက ပူးတွဲကြေညာချက် ထုတ်ပြန်သည်။

NCA လက်မှတ်ရေးထိုးခြင်း မရှိသော်လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေသည့် အခြားအဖွဲ့ ၃ ဖွဲ့လည်း ထိုနှစ်ပတ်လည်အခမ်းအနား တက်ရောက်ခြင်း မရှိပေ။ ထိုအဖွဲ့များမှ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ရှမ်းပြည်တိုးတက်ရေးပါတီနှင့် အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်တို့ဖြစ်ပြီး ၎င်းတို့အားလုံးသည် ရှမ်းပြည်နယ်တွင် အခြေစိုက်သည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် စသည့် အင်အားကြီးမားသည့် အခြား EAOs များကလည်း ထိုအခမ်အနားကို ရှောင်ရှားသည်။ KIA နှင့် TNLA တို့သည် စစ်ကောင်စီနှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။

ထိုအခမ်းအနားတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များ လက်မှတ်ရေးထိုးရန် မျက်နှာပြောင်တိုက် ပြောသည်။

စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူးဝါး လရှီလက စစ်ကောင်စီသည် NCA အခြေခံမူများကို ချိုးဖေါက်ပြီးနောက် အရှက်တရားကင်းမဲ့စွာ နှစ်ပတ်လည်အခမ်းအနားကျင်းပခြင်းဖြစ်ကြောင်း ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် EAO များနှင့် မြန်မာပြည်သူများက NCA သည် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပျက်ပျယ်သွားခဲ့ပြီးဖြစ်ကြောင်း ပြောသည်။

သို့သော် ၂၀၁၅ ခုနှစ်က NCA တွင်ပါဝင်ပတ်သက်သည့် မြန်မာငြိမ်းချမ်းရေးစင်တာမှ ဝန်ကြီးများနှင့် ငြိမ်းချမ်းရေး ပွဲစားများသည် နေပြည်တော်တွင် ပြုလုပ်သည့် ထိုအခမ်းအနားသို့တက်ရောက်သည်။ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သော တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများ၊ မြန်မာ့အိမ်နီးချင်း နိုင်ငံအချို့မှ ကိုယ်စားလှယ်များ ထိုအခမ်းအနားတက်သည်။

၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးစဉ်က အဓိက ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်သည် တနင်္ဂနွေနေ့တွင်ကျင်းပသည့် ထိုအခမ်းအနားမတက်ပေ။

“ဦးသိန်းစိန်က NCA နှစ်ပတ်လည်ပွဲတွေကို တခါမှ မတက်ဘူး။ ဘာကြောင့်လဲဆိုတော့ သူက လက်မှတ်ထိုးတုန်းက နိုင်ငံတော်အကြီးအကဲအနေနဲ့ ထိုးခဲ့တာ။ အခုပွဲတက်ရင် သူက သာမန်လူအနေနဲ့ပဲ တက်ရမှာဖြစ်လို့ မတက်တာ” ဟု လေ့လာသူတဦးက ဆိုသည်။

သို့သော် ထိုစဉ်က ဒုသမ္မတဟောင်းများဖြစ်သော စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ထိုစဉ်လွှတ်တော်ဥက္ကဌ သူရရွှေမန်း၊ ထိုစဉ်က သမ္မတရုံး ဝန်ကြီးများဖြစ်သော ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့ ထိုအခမ်းအနားတက်ရောက်သည်။

ဖြုတ်ချဖမ်းဆီးခံ အရပ်သား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသောကြောင့် ယခင်က စစ်တပ်က သစ္စာဖေါက်ဟု အခေါ်ခံရသည့် သူရရွှေမန်းသည် စစ်အာဏာသိမ်းမှုနောက်ပိုင်း လူမြင်ကွင်းတွင် ပထမဆုံး ပေါ်လာခြင်း ဖြစ်သည်။ သူသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သူ၏ သီးခြားပါတီ ထူထောင်ခဲ့သည်။ ထိုပါတီသည် မည်သည့်နေရာမှ အနိုင်မရဘဲ အာဏာသိမ်းပြီးနောက်တွင် ဖျက်သိမ်းလိုက်သည်။

အခြားထူးခြားသည့် တက်ရောက်သူတဦးမှာ ဦးစိုးသိန်း ဖြစ်သည်။ သူသည် မင်းအောင်လှိုင်အာဏာသိမ်းမှုကို ထောက်ခံ ချီးကျူးသူဖြစ်သည်။ မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အဆင့်မြင့် အဖွဲ့ဝင်များဖြစ်ပြီး လက်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ညှိနှိုင်းမှုကော်မတီဝင်များဖြစ်သော ဒုဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးနှင့် ဦးလှမောင်ရွှေတို့လည်း တက်ရောက်သူများတွင် ပါဝင်သည်။ အခြားတက်ရောက်သူများမှာ ဦးအောင်နိုင်ဦး၊ ဦးညိုအုန်းမြင့်၊ ဦသိန်းစိန်၏ စီးပွားရေးအကြံပေးဟောင်း ဒေါက်တာဇော်ဦးတို့ဖြစ်သည်။ ဒေါက်တာဇော်ဦးသည် လက်ရှိ စစ်ကောင်စီကို စီးပွားရေးအကြံပေးနေသည်ဟု ဆိုသည်။

အခမ်းအနားတက်ရောက်သည့် နိုင်ငံရေးပါတီ ၃၅ ခုမှ ကိုယ်စားလှယ်များတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ဦးခင်ရီ၊ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်၊ ပြည်သူ့ပါတီ ဥက္ကဌနှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ ကချင်ပြည်သူ့ပါတီ ဥက္ကဌနင့် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် ဒုဥက္ကဌဟောင်း ဒေါက်တာ တူးဂျာတို့ပါဝင်သည်။

တရုတ်၏ အာရှရေးရာအထူးသံတမန် တိန့်ရှီကျန်းသည် အိန္ဒိယ အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေးနှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးတို့နှင့်အတူ ထိုအခမ်းအနားတွင် မိန့်ခွန်းပြောပြီး စစ်ကောင်စီကို ထောက်ခံကြောင်း ပြသသည်။

မြန်မာပြည်သူများက သူရဲကောင်းပီသပြီး ကြေကွဲစရာကောင်းသော လွတ်မြောက်ရေးတိုက်ပွဲ ဆင်နွှဲနေစဉ် “မင်းအောင်လှိုင်၏ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးပြပွဲ” သို့ ရောက်လာသူများသည် “လက်ရှိအခြေအနေနှင့် မကိုက်ညီသည့် ၎င်းတို့လမ်းကြောင်းကို ၎င်းတို့ ရွေးချယ်သူများ”ဖြစ်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူနှင့် ပရာ့ဂ် လူမှုအခြေပြုဌာန ဝါရင့်အကြံပေး အီဂေါ ဘလက်ဇီဗစ် ပြောသည်။ ထိုတိုက်ပွဲသည် သူရဲကောင်း ဒေးဗစ်က လူ့ဘီလူးကြီး ဂိုလီယက်ကို အနိုင်ရမည့်တိုက်ပွဲဖြစ်ကြောင်း သူပြောသည်။

“လူသတ်အာဏာရှင်ကျင်းပတဲ့ လိမ်လည်ငြိမ်းချမ်းရေးပြပွဲက ဇာတ်ရန်တွေဟာ မကြာခင်သမိုင်းမှာ ဘေးရောက် မေ့ပျောက်ခံရမယ့် ခေတ်နဲ့မကိုက်ညီသူတွေပဲ” ဟု သူပြောသည်။

SOURCE – IRRWADDY

 

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English