စစ်ကောင်စီကကုန်ဈေးနှုန်းတွေထိန်းချုပ်ဖို့ဆိုပြီးစီးပွားရေးလုပ်ငန်းရှင်တစ်ရာကျော်ကိုဖမ်းဆီးလိုက်ပြီးနောက်စစ်ကောင်စီ၏နိုင်ငံခြားငွေကြီးကြပ်ရေးကော်မတီအတွင်းရေးမှုးဗိုလ်ချုပ်ရန်နောင်စိုးနဲ့ထိပ်တန်းအရာရှိအချို့ပါဆက်တိုက်ဖမ်းဆီးခံလိုက်ရတယ်။ဖမ်းဆီးခံရသူများထဲတွင်စစ်ဗိုလ်ချုပ်ရန်နောင်စိုး၊စားသုံးသူရေးရာညွန့်ကြားရေးမှုးချုပ်၊ ညွန့်ကြားရေးမှုး ၅ ဦး ပါပါဝင်လာတယ်။ဒေါ်လာကိစ္စ၊ ပါမစ်ကိစ္စတွေလို့ကြားတယ်။ စားအုန်းဆီလုပ်ငန်းရှင်တွေကို စစ်ရင်း ပေါ်တာလို့သိရတယ်။ အာဏာသိမ်းစစ်ကောင်စီက သွင်းကုန်လိုင်စင်များကန့်သတ်ခဲ့ပြီးနောက်သွင်းကုန်လိုင်စင်ရသူများနှင့်ဗဟိုဘဏ်ဈေးဖြင့်ဒေါ်လာဝယ်ယူခွင့်ရသူများကိုဗိုလ်ချုပ်ရန်နောင်စိုးထောက်ခံချက်ပေးရခြင်းဖြစ်တယ်။ဒါ့အပြင်သူဟာစစ်ကောင်စီဖွဲ့စည်းထားသည့်ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီမှာလည်းအတွင်းရေးမှူးရာထူးရယူထားတယ်။အခုနောက်ပိုင်းအဖမ်းအဆီးကြမ်းလာတဲ့စစ်ကောင်စီဟာစီးပွားရေးကျဆင်းမှုအတွက်လုပ်ငန်းရှင်တွေကိုလက်ညိုးထိုးအပစ်ပုံချရင်းနဲ့ပဲသူ့လူတွေကိုပါပြန်လည်ဖမ်းဆီးလာရတဲ့အခြေအနေကိုရောက်ရှိလာပါပြီ။
ဧပြီ ၁၆၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
မြန်မာနှစ်သစ်ကူးသင်္ကြန်ချိန်ခါကတော့ ဒီနေ့မှာပြီးဆုံးသွားခဲ့ပါပြီ။ဒီနှစ်သင်္ကြန်ကတော့ အတီးအမှုတ်အကအခုန်တွေမရှိတဲ့အတွက် မြို့ကြီးတွေမှာတောင် ခြောက်ကပ်ကပ်ပါပဲ။သင်္ကြန်မြို့တော်လို့...