စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ရပ်ကွက်တစ်ခုမှာနေအိမ်တစ်အိမ်ကို ၀င်ရောက်ဓားပြတိုက်ပြီး သားယောက်ျားလေး မွေးဖွားရန်ရက်ပိုင်းသာလိုတော့သည့်ကိုယ်၀န်ဆောင်အမျိုးသမီးကိုသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တယ်။အမျိုးသားခြောက် ဦးဟာလက် နက်များဖြင့်နေအိမ်အတွင်း၀င်ရောက်ခဲ့ပြီး ကိုယ်၀န်ဆောင် အမျိုးသမီးကို သေနတ်ဖြင့်ပစ်ခတ်ကာ ဖုန်းနှင့်ဆိုင်ကယ်တို့ကို လုယက်ယူဆောင် ထွက်ပြေး သွားတာပါ။ အသက် ၂၄ နှစ် အရွယ် ကိုယ်၀န်ဆောင်အမျိုးသမီးကတော့ ဦးခေါင်း ကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင်ပင်သေဆုံးသွားခဲ့တယ်။ဖုန်းနဲ့ဆိုင်ကယ်အတွက်နဲ့ကိုယ်ဝန်ဆောင်တစ်ယောက်ကိုသတ်တာကတော့အတော်တရားလွန်သွားပြီ။စစ်အုပ်စုထိန်းချုပ်ထားတဲ့မုံရွာမြို့မှာရာဇဝတ်မှုတွေမကြာခဏဖြစ်ပေါ်နေပေမယ့်စစ်အုပ်စုကတော့အရေးယူခြင်းမရှိပဲမသိချင်ယောင်ဆောင်နေတယ်။တစ်ခေါက်မှလဲတရားခံမိတယ်ဆိုတာမျိုးမရှိခဲ့ဘူး။အခုဖြစ်စဉ်ကတော့တိုင်းသိပြည်သိဖြစ်သွားတာပေါ့။ကျုးလွန်သူတွေဟာစစ်အုပ်စုကလက်သပ်မွေးထားတဲ့သူတွေလို့လဲပြောနေကြတယ်။တိုင်းပြည်ဟာတကယ်ကိုမင်းမဲ့တိုင်းပြည်ဖြစ်နေပြီ။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။