စစ်ကောင်စီကခြောက်လတကြိမ်တိုးနေကျဖြစ်တဲ့အရေးပေါ်ကာလကိုထုံးစံအတိုင်းနောက်ထပ်သုံးလသက်တမ်းတိုးလိုက်တယ်။နိုင်ငံအတွင်းမှာအခြေအနေတွေမတည်ငြိမ်သေးလို့ပဲအကြောင်းပြတယ်။ဒါနဲ့ဆိုရင်သူတို့ကိုင်စွဲထားတဲ့တရားမဝင်အခြေခံဥပဒေရဲ့ဘောင်ကိုကျော်လွန်ပြီးသက်တမ်းတိုးတာနှစ်ကြိမ်မြောက်ရှိနေပါပြီ။နောက်ဆုံးသက်တမ်းတိုးခွင့်ကပီးခဲ့တဲ့ဖေဖော်ဝါရီလမှာကုန်ဆုံးသွားတာပါ။အဲ့ဒီတုန်းကဩဂုတ်လရောက်ရင်ရွေးကောက်ပွဲပြုလုပ်ပေးမယ်ဆိုတဲ့စကားဟာလဲလေထဲမှာပဲပျောက်ကွယ်သွားပါတယ်။စစ်အုပ်စုပါးစပ်ကထွက်လာတဲ့ရွေးကောက်ပွဲဆိုတဲ့အသံကိုတောင်မကြားရတာအတော်ကြာပါပြီ။ဒီနေ့တော့မင်းအောင်လှိုင်ကထပ်ပြောသေးတယ်။ကချင်၊ကယား၊ကရင်၊ချင်း၊မကွေး၊စစ်ကိုင်းနဲ့ပဲခူတိုင်းစတဲ့ပြည်နယ်လေးခုနဲ့တိုင်းသုံးခုကလွဲပြီးရွေးကောက်ပွဲကျင်းပလို့ရပါတယ်တဲ့။ထိုဒေသတွေကိုဖယ်လိုက်ရင်မြန်မာပြည်တဝက်လောက်ပါသွားပြီလေ။တနည်းအားဖြင့်နိုင်ငံတဝက်လောက်ကိုသူတို့မထိန်းချုပ်နိုင်တော့ဘူးလို့ဝန်ခံလိုက်တာပဲ။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာအခုလိုအကြိမ်ကြိမ်သက်တမ်းတိုးနေတာကိုတပ်တွင်းမှာလဲမကျေနပ်မှုတွေပိုမိုများပြားလာတယ်လို့သိရတယ်။တပ်တွင်းထိပ်ပိုင်းခေါင်းဆောင်တွေရဲ့အကျိုးစီးပွားတွေတဖြည်းဖြည်းနဲ့ထိခိုက်လာပြီလေ။ဒါအပြင့်သူတို့အတွက်မလုံခြုံမှုတွေပိုမိုဖြစ်ပေါ်လာတာအားလုံးအသိပဲ။ဘာပဲဖြစ်နေပါစေမင်းအောင်လှိုင်ကတော့အာဏာကိုဆက်လက်ဖက်တွယ်ထားဦးမှာပဲ။သူမပြုတ်ကျမခြင်းဒီလိုပဲခြောက်လတကြိမ်သက်တမ်းတိုးနေဦးမှာပဲ။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...