ဒီနေ့ဟာအာဇာနည်နေ့ပါ။စစ်အုပ်ဟာအာဇာနည်နေ့အခမ်းအနားကိုလုံခြုံရေးတင်းကျပ်စွာနဲ့ရန်ကုန်မြို့မှာကျင်းပတယ်။ဒေါ်အောင်ဆန်းစုကြည်ကတော့ထိုအခမ်းအနားကိုတက်ရောက်ခွင့်မရပါဘူး။ဒီနေ့ရန်ကု်နမှာစစ်အုပ်စုကလမ်းအတော်များများပိတ်ထားတာကြောင့်ပြည်သူတွေဒုက္ခရောက်တာပဲအဖတ်တင်တယ်။
တော်လှန်ရေးအဖွဲ့တွေရဲ့စိုးမိုးနယ်မြေတွေမှာတော့အာဇာနည်နေ့အခမ်းအနားကိုသူ့နည်းသူ့ဟန်နဲ့အသီးသီးကျင်းပကြတယ်။ဒီဇူလိုင်လထဲမှာပဲမနှစ်ကကိုဂျင်မီနဲ့ကိုဇေယျာသော်တို့မတရားသေဒဏ်အပေးခံခဲ့ရတယ်။သူတို့ချည်းပဲတော့မဟုတ်ပါဘူး။ဒီကာလကြီးမှာအာဇာနည်တွေရင်နာနာနဲ့ပေါ်ထွက်ခဲ့ကြတယ်။သူတို့တွေစတေးခဲ့တာတွေအချည်းနှီးမဖြစ်ဖို့ဒီတော်လှန်ရေးကြီးအောင်မြင်အောင်ဝိုင်းဝန်းကြိုးစားရမယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


