Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ပလက်ဝတွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်း အဆမတန်မြင့်တက်နေ

July 7, 2023
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီက ရေလမ်းနှင့်ကုန်းလမ်းများကို အချိန်ကြာမြင့်စွာ ပိတ်ဆို့ကန့်သတ်ထားမှုကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆင်မတန် မြင့်တက်လာနေကြောင်း ဒေသခံများ က ပြောသည်။

ပလက်ဝမြို့နယ်၏ အဓိကကုန်စည်စီးဆင်းရာဖြစ်သော ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းနှင့် ပလက်ဝ-မတူပီ ကားလမ်းမတို့ကို စစ်ကောင်စီက ရခိုင်စစ်ပွဲကာလနှင့် အာဏာသိမ်းမှုနောက်ပိုင်း အကြောင်းပြချက်မရှိဘဲ ပိတ်ဆို့ကန့် သတ်ထားခြင်းကြောင့် ထိုသို့ ဈေးနှုန်းများ မြင့်တက်နေရခြင်းဖြစ်ကြောင်း သိရသည်။

ပလက်ဝ မြို့ခံတဦး က “ကုန်ဈေးနှုန်းတက်တာက ဂျက်လေယာဉ်ထက်တောင် မြန်မယ်။ အဓိကတော့ ဆန်တွေ ဈေးမတရားကို ထိုးတက်တယ်။ အခြေခံစားသောက်ကုန်တွေ အကုန်ပါပဲ။ ဈေးရယ်လို့ သတ်သတ်မှတ်မှတ်လည်း မရှိတော့ဘူး။ ဒီနေ့ ကြက်ဥ တထောင်ဖိုး ၃ လုံးဆိုရင် နောက်နေ့ တထောင်ဖိုး ၂ လုံးပဲ။ သွပ်မိုးတဲ့ သံမှိုဆိုရင် ပိဿာလိုက် မရောင်းတော့ဘူး။ တချောင်းကို နှစ်ရာ အဲဒီလိုတွေ ဖြစ်ကုန်ကြတာ” ဟု ဧရာဝတီကို ပြောသည်။

ပလက်ဝမြို့နယ်အတွင်း မိုးမကျမီအချိန်ကပင် ပေါ်ဆန်းမွှေးဆန်တအိတ်လျှင် ကျပ် ၈၀,၀၀၀၊ ဆန်ကြမ်း (ဒေသအခေါ် ဆန်ချေ) တအိတ်လျှင် ကျပ် ၅၀,၀၀၀ ဈေးရှိသော်လည်း လက်ရှိတွင် ပေါ်ဆန်မွှေးဆန်တအိတ်လျှင် ကျပ် ၁၄၀,၀၀၀၊ ဆန်ကြမ်းတအိတ်လျှင် ကျပ် ၈၀,၀၀၀ သောင်းထိ တက်လာနေပြီး ဓာတ်ဆီ တလီတာလျှင်လည်း ကျပ် ၂,၄၀၀ မှ လက်ရှိ ကျပ် ၃,၅၀၀ ကျပ်ထိ မြင့်တက်နေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ထို့ပြင် စားအုန်းဆီ တလီတာဘူးလျှင် ကျပ် ၄,၅၀၀ မှ ကျပ် ၇,၀၀၀ ထိ ဈေးတက်နေသလို ကြက်သွန်၊ ငရုတ်သီးစိမ်း၊ ငါးပိ၊ ငါးခြောက် စသည့် အခြေခံစားသောက်ကုန်များမှာလည်း တနေ့ထက်တနေ့ မြင့်တက်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီက အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်း အား ကန့်သတ် ပိတ်ပင်ထားသည့်အပြင် ခွင့်ပြုမိန့်ဖြင့် ပစ္စည်းများတင်ဆောင်သည့် စက်လှေများထံမှ ငွေကြေးများတောင်းခံလျက်ရှိရာ သယ်ယူစရိတ်ကြီးမှုကြောင့် ထိုသို့ ဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်ကြောင်း ပလက်ဝမြို့နေ စက်လှေသမားတဦးက ပြောသည်။

၎င်းက “ကျနော်တို့ ကုန်သည်တွေရဲ့ပစ္စည်းကို ကျောက်တော်ကနေ တခေါက်သယ်ယူတဲ့အခါ မျှောစာ (ခွင့်ပြုမိန့်) တခါကျဖို့ ကို သိန်းဆယ်နဲ့ချီ ကုန်တယ်။ လမ်းခရီးမှာလည်း စစ်တပ်က စစ်ဆေးရေး ဂိတ်တွေမှာ ကြက်ဆိုကြက်၊ ဘီယာဖာဆိုဘီယာ၊ သူတို့လိုတာ အကုန်ဖြည့်ပေးရတယ်။ သူတို့ တခုခုအလိုမကျရင် စက်လှေက ကမ်းကခွာဖို့မလွယ်ဘူး။ ဟိုပစ္စည်းကို စစ် ဆေးလိုက်၊ ဟိုကုန်မတင်ရ၊ ဟိုအထုပ်ကို ဖွင့်စစ်၊ ဒီပစ္စည်းကိုစစ်ဆေးလိုက်နဲ့ အမျိုးမျိုးဒုက္ခပေးတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၉၊ ၂၀၂၀ ခုနှစ် ရခိုင်စစ်ပွဲကာလကတည်းက လက်ရှိအချိန်ထိ စစ်ကောင်စီသည် ကုန်စည်စီးဆင်းရာ လမ်းကြောင်းများကို ကန့်သတ်ပိတ်ပင်ထားသလို အင်တာနက်လိုင်းများကိုလည်း ကာလရှည်ကြာပိတ်ထားဆဲ ဖြစ်သည်။

Source – Irrawaddy

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English