စစ်ကိုင်းတိုင်းမှာဒီလထဲစစ်ကိုင်းမြို့နယ်ပဒူကျေးရွာအုပ်စု၊ဆားတောင်းမြို့နားကကျေးရွာတွေနဲ့မုံရွာမြို့တဖက်ကမ်းကညောင်ပင်ကြီးကျေးရွာအုပ်စုကရွာတွေစစ်အုပ်စုရဲ့လူသတ်၊လုယက်၊မီးရှို့တဲ့ဒဏ်တွေကိုအလူးအလဲခံနေရတယ်။ထိုနေရာတွေမှာတော်လှန်ရေးအဖွဲ့တွေကစစ်အုပ်စုရဲ့အခြေစိုက်စခန်းတွေကိုလက်ဦးမှုရယူပြီးအထိနာအောင်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက်စစ်အုပ်စုကလက်နက်မဲ့ပြည်သူတွေကိုပစ်မှတ်ထားရန်ပြုကာသောင်းကျန်းနေတာပဲ။
ပဒူတိုက်နယ်မှာဆိုရင်တိုက်နယ်ရဲစခန်းကိုတော်လှန်ရေးတပ်ပေါင်းစုတွေကတိုက်ခိုက်သိမ်းပိုက်မီးရှို့နိုင်ခဲ့တယ်။လက်နက်တွေလဲရလိုက်တယ်။ထိုတိုက်ပွဲပြီးတဲ့နောက်စစ်အုပ်စုကပဒူနယ်ကကျေးရွာတွေကိုတရွာမကျန်လိုက်လံမီးရှို့တော့တာပဲ။ရွာသားတွေလဲစစ်ကိုင်းမြို့ကဘုန်းကြီးကျောင်းတွေအထိသွားရောက်ခိုလှုံနေရတယ်။ဒါတောင်မှဘုန်းကြီးကျောင်းတွေအထိလိုက်ဖမ်းသေးတယ်လေ။