NLD ပါတီဝင်တွေကို စစ်ကောင်စီက လိုက်ဖမ်းနေတယ်။ မိသားစုလိုက်ဖမ်းဆီးခံနေရတာတွေ ရှိလာတယ်။ စစ်ကောင်စီကို တစ်နိုင်ငံလုံးက တညီတညွတ်တည်းဆန့်ကျင်နေတာဟာ NLD ပါတီနဲ့မဆိုင် ဘူး။ မင်းအောင်လှိုင်ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ပြည်သူတွေကစိတ်မဝင်စားဘူး။ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ သူတို့ဩဇာအာဏာလွှမ်းမိုးရေးအတွက် ဘက်ပေါင်းစုံကနေ ပြည်သူကိုနှိပ် စက်နေတယ်။ ချင်းပြည်နယ်ဘက်ကိုလည်း စစ်အင်အားတိုးချဲ့နေတယ်။ သူတို့မြေပြင်အရလွှမ်းမိုးလို့မရ တဲ့နေရာတွေကိုလည်း ဝေဟင်ကနေ ဗုံးကြဲချတယ်။ ရွာတွေကိုလိုက်လံမီးရှို့နေတယ်။ စစ်အုပ်စုဟာ မိစ္ဆာ တွေဖြစ်နေခဲ့တာအတော်ကြာပြီ။
မေ ၂၁၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
မနေ့ကအပစ်ခံရလို့ ရွှေကူမြို့ဘက်အရေးပေါ်ဆင်းသက်လိုက်ရတဲ့ စစ်တပ်ရဟတ်ယာဥ်ကို KIAကအသေခံဒရုန်းနဲ့တိုက်ခိုက်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ထိုဒရုန်းဟာ...