ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မလွှကုန်းမီးရထားဝန်းအတွင်း စစ်တပ်နှင့် ရဲများ တပ်စွဲထားရာ ရာနှင့်ချီသော မီးရထားဝန်ထမ်းမိသားစုဝင်များ ထွက်ပြေးခဲ့ကြောင်း အဆိုပါဝန်ထမ်းများက ပြောသည်။
မီးရထားဝန်ထမ်းအများစု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် မလွှကုန်းမီးရထား ဝန်ထမ်းအိမ်ရာကို ယနေ့ (မတ် ၁၀) နံနက်အစောပိုင်းတွင်း စစ်တပ်နှင့် ရဲများက ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
“CDM လုပ်တဲ့လူကို ဖမ်းမယ်ဆိုတော့ မိသားစုက မနေရဲဘူးပေါ့။ အဲဒါ အုတ်အော်သောင်းနင်း အကုန်ပြောင်းကြတဲ့အခါကျတော့ ရုတ်ရုတ်သဲသဲဖြစ်ကုန်တာ” ဟု မလွှကုန်း ဒီဇယ်စက်ခေါင်းပြင်စက်ရုံ CDM ဝန်ထမ်းတစ်ဦးကပြောသည်။
စစ်တပ်နှင့်ရဲ ပါဝင်သော လက်နက်ကိုင်တပ်ဖွဲ့များသည် ယနေ့ နံနက်ခြောက်နာရီခန့်တွင် ရထားဝန်းကို ရောက်ရှိလာပြီး ဝင်ပေါက်ထွက်ပေါက်အားလုံးကို ပိတ်ဆို့ကာ ဒီဇယ်စက်ခေါင်းပြင်စက်ရုံ၊ မလွှကုန်း ရပ်ကွက်ဘုန်းကြီးကျောင်းနှင့် မီးရထားဆေးပေးခန်းတို့တွင် စခန်းချလိုက်သည်ဟု သိရသည်။
သတင်းအပြည့်အစုံ ဖတ်ရန်: https://www.myanmar-now.org/mm/news/6016
မူရင်းသတင်း ; Myanmar Now