မြန်မာနိုင်ငံတဝန်းစစ်တပ်သိမ်းပြီး၂နှစ်ကျော်ကာလအတွင်းကျမ်းမာရေးဝန်ထမ်းအယောက်၇၀၀လောက်သတ်ဖြတ်ခံထားရတယ်လို့NUGကထုတ်ပြန်လိုက်တယ်။အယောက်၉၀၀လောက်ဖမ်းဆီးခံထားရတယ်။စစ်အုပ်စုဟာကျမ်းမာရေးနဲ့ပတ်သက်တဲ့အဆောက်အုံများစွာကိုလဲဖျက်စီးထားသေးတယ်။
ကျမ်းမာရေးဝန်ထမ်းတွေဟာအာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်စီကိုအရေအတွက်အများဆုံးနဲ့CDMလုပ်ထားခဲ့တာပါ။အခုဆိုရင်စစ်ကောင်စီရဲ့ကျမ်းမာရေးစနစ်မှာလူအင်အားလုံလောက်မှုရှိမနေဘူး။ဒါကြောင့်စစ်အုပ်စုဟာကျမ်းမာရေးဝန်ထမ်းတွေအပေါ်အငြိုးတကြီးနဲ့တုန့်ပြန်ခဲ့တယ်။CDMလုပ်ထားတဲ့ဆရာဝန်တွေကိုပြည်တွင်းမှာဆေးကုလို့မရအောင်ပိတ်ပင်ခဲ့တယ်။ပြည်ပထွက်ဖို့ကိုလဲပတ်စပို့စ်ပြုလုပ်ခွင့်မပေးဘူး။CDMဆရာဝန်တွေကိုအလုပ်ခန့်ထားပြီးထောက်ပံပေးတဲ့မန္တလေးကပုဂ္ဂလိကဆေးရုံကြီးတွေဆိုဟိုတလောကယာယီပိတ်သိမ်းခံလိုက်ရသေးတယ်။
နယ်တွေမှာလဲစစ်အုပ်စုဟာသူတို့အုပ်ချုပ်မှုအောက်မှာမရှိတဲ့ဆေးရုံဆေးခန်းတွေကိုစစ်ကြောင်းထိုးရင်းဒါမှမဟုတ်လေကြောင်းကဗုံးကြဲပြီးဖျက်စီးနေကြတယ်။မြို့ကြီးတွေမှာလဲစစ်ကောင်စီရဲ့ကျန်းမာရေးစောင့်ရှောက်မှုဟာဟိုးအောက်ဆုံးရောက်နေပြီ။၂၀၂၁ကိုဗစ်တတိယလှိုင်းမှာပြည်သူအများအပြားသေဆုံးခဲ့ကြရတယ်။