အိမ်နီးချင်းအိန္ဒိယနိုင်ငံဟာမြန်မာစစ်တပ်ကိုစစ်လက်နက်ပစ္စည်းတွေဆက်လက်ရောင်းချနေတယ်။မြန်မာ့အရေးမှာစစ်ကောင်စီကိုထောက်ခံနေတဲ့နိုင်ငံတွေထဲမှာတရုတ်ကိုသာလူသိများကြပေမယ့်အိန္ဒိယကတော့နောက်ကွယ်ကနေလူမသိသူမသိစစ်ကောင်စီကိုထောက်ပံလျက်ရှိတယ်။အိန္ဒိယကထောက်ပံထားတဲ့စစ်လက်နက်ပစ္စည်းတွေနဲ့မြန်မာစစ်တပ်ဟာပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေကျူးလွန်လျက်ရှိတယ်။ဒါအချက်ကိုအတော်များများသတိမထားမိကြဘူး။နယ်စပ်ကစစ်ဘေးရှောင်မြန်မာဒက္ခသည်တွေကိုလဲတရားဝင်ခုံလှုံခွင့်ပေးမထားဘူး။ ကမ္ဘာ့အကြီးဆုံးဒီမိုကရေးစီနိုင်ငံကြီးတစ်ခုဖြစ်တဲ့အိန္ဒိယရဲ့လုပ်ရပ်တွေဟာမြန်မာပြည်သူတွေအပေါ်နောက်ကျောကနေဓားနဲ့ထိုးနေတာပဲ။
ဧပြီ ၀၄၊ ၂၀၂၅။ (သောကြာ)
ထိုင်းဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရ ဘင်းစတက်စည်းအဝေးတက်ရောက်ဖို့ မင်းအောင်လှိုင်ဘန်ကောက်ကို ရောက်နေပါတယ်။ဒါဟာရုရှားနဲ့တရုတ်ပြီးရင် သူ့ရဲ့တတိယမြောက်...