စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေရဲ့ လူအင်အား man power ဟာ စစ်တပ်ရဲ့လူအင်အားထက် သာလွန်နေပြီ ဖြစ်တဲ့အကြောင်း၊ အခုအချိန်မှာ တန်ပြန် ထိုးစစ် အကြို ကာလကို ရောက်နေပြီး နောက်ဆုံးအဆင့် တန်ပြန်ထိုးစစ်ဆင်ကာလအတွက်ပြင်ဆင်နေကြောင်းNUGကပြောလိုက်ပြန်တယ်။NUGကထိုကဲ့သို့လေနဲ့ပဲတိုက်နေတာအခုဆိုရင်၂၀၂၃နှစ်တဝက်ကုန်ခါနီးပါပြီ။မကြာမီမှာမိုးရာသီကာလရောက်လာပါတော့မယ်။မိုးရာသီဆိုတာမြန်မာပြည်မှာစစ်တိုက်ရခက်ခဲတဲ့ရာသီတစ်ခုပါ။အဲ့ဒီတော့NUGရဲ့ပြင်ဆင်မှုဟာမိုးကုန်တဲ့အထိသွားမယ့်သဘောရှိတယ်။
NUGကအဲ့လိုလေကြီးမိုးကြီးတွေပြောပြီးအချိန်တွေကုန်လာလိုက်တာအခုဆိုရင်တော်လှန်ရေးကာလသုံးနှစ်ထဲဝင်လာပြီ။တချို့ဒေသတွေမှာစစ်တပ်ရဲ့နောက်တန်းအခြေစိုက်တပ်ရင်းစခန်းတွေကိုတိုက်ခိုက်နိုင်မှုတွေရှိလာပေမယ့် ခုအချိန်ထိမဟာဗျူဟာမြောက်ထိုးစစ်ဆင်မှုတွေတစ်ခုမှမတွေ့ရသေးပါဘူး။တဖြည်းဖြည်းနဲ့NUG ရဲ့ထိုးစစ်ဟာသူပြောနေတဲ့လေလုံးတွေကြားမှာပဲပြီးဆုံးမသွားဖို့မျှော်လင့်တယ်။