စစ်ကောင်စီဟာမနေ့ကကဆုန်လပြည့်နေ့မှာနိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ကိုပြန်လွှတ်ပေးခဲ့တယ်။ဒါပေမယ့်ထိုပြန်လွှတ်ပေးမှုဟာမြန်မာပြည်ကိုတရုတ်၊ရုရှားအပါအဝင်နိုင်ငံတကာကလာရောက်ချိန်နှင့် ချိန်ကိုက်လွှတ်ပေးခြင်းသာဖြစ်တယ်။
ဖမ်းဆီးထားတဲ့လူတွေကိုပြန်လွှတ်ပြီးသူ့ရဲ့လမ်းစဉ်ကိုလက်ခံအောင်လုပ်တာကဟိုအရင်တွေကတည်းကလည်း လုပ်နေကျပဲ။ အခုတော့ စကစနဲ့ တွေ့ဆုံမှုတွေ လုပ်လာနေကြတာနဲ့အချိန်ကိုက် စီစဉ်ထားတဲ့ အတိုင်းလျော့ပေးနေတယ်။လက်ရှိမှာစစ်ကောင်စီ၏ဖိတ်ကြားချက်ဖြင့်မြန်မာနိုင်ငံကိုတရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း၊ ရုရှားအစိုးရကိုယ်စားလှယ်အဖွဲ့တို့အပြင် အာဆီယံ စီးပွားရေးအကြံပေးကောင်စီ(ASEAN-BAC) ဥက္ကဋ္ဌတို့ရောက်ရှိနေတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့အခါကြီးရက်ကြီးတွေမှာအကျဉ်းသားတွေလွှတ်ပေးလေ့ရှိပေမယ့်နိုင်ငံအကျဉ်းသားတွေအများဆုံးလွှတ်ပေးတာဟာဒီတကြိမ်ပထမဦးဆုံးပဲ။ဒါပေမယ့်လဲဒါဟာဖိအားတွေများနေတဲ့စစ်ကောင်စီရဲ့လှည့်ကွက်တစ်ခုပဲ။