မြန်မာစစ်တပ်ဟာအင်အားချိနဲ့လာပြီးတပ်ဖွဲ့ဝင်အင်အားလျော့နည်းလာတယ်လို့နိုင်ငံတကာစစ်တမ်းတစ်ခုကဆိုပါတယ်။အာဏာမသိမ်းခင်ကမြန်မာစစ်တပ်ဟာတပ်ဖွဲ့ဝင်အင်အားသုံးသိန်းမှလေးသိန်းအထိရှိမယ်လို့ခန့်မှန်းခဲ့ပေမယ့်အခုအချိန်မှာထက်ဝက်ခန့်သာကျန်တော့တယ်။တကယ်တမ်းအင်အားတစ်သိန်းခွဲခန့်သာရှိပြီးအာဏာသိမ်းပြီးနောက်ပိုင်းCDMနဲ့တိုက်ပွဲမှာသေဆုံးမှုတွေကြောင့်နှစ်သောင်းကျော်ဆုံးရှုံးခဲ့တယ်။ဒါ့ကြောင့်အာဏာသိမ်းစစ်ကောင်စီဟာ အတိုက်အခံတွေရဲ့ လက်နက်ကိုင်တော်လှန်မှုကို နှိမ်နင်းဖို့နဲ့ အာဏာ ချုပ်ကိုင်မှု ခိုင်မာကျစ်လစ်အောင် မလုပ်ဆောင်နိုင်တော့ဘူးလို့ ဆိုပါတယ်။
မြန်မာစစ်တပ်ကထိခိုက်သေဆုံးတဲ့အချက်အလက်တွေကိုအဆင့်အသီးသီးမှာလိမ်လည်ထားတာကြောင့်သူတို့ရဲ့အင်အားအမှန်ကိုစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေတောင်အသေအချာမသိနိုင်တော့တဲ့အခြေအနေဖြစ်နေပါပြီ။ဒီအချက်ဟာတော်လှန်ရေးအင်အားစုတွေကောင်းကောင်းအသုံးချရမယ့်အချက်တစ်ခုဖြစ်လာလိမ့်မယ်။