စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုတွေကိုရန်ပုံငွေရှာဖွေပေးနေတဲ့တော်လှန်ရေးထောက်ပို့YouTubeချန်နယ်တွေဖြစ်တဲ့ပဒေသာပင်ချန်နယ်များကိုဒီလကုန်မှာရပ်နားတော့မယ်တဲ့။အဓိကကတော့လူဝင်နှုန်းကျနေတာပဲ။အရင်ကတသိန်းလောက်ဝင်ခဲ့ရာကနေအခုနေ့တိုင်း၁၅၀၀၀လောက်ပဲဝင်တယ်။တခြားချန်နယ်တွေဆိုဒီထက်ပိုဆိုးသေးတယ်။ဒါ့ကြောင့်တလကိုဝင်ငွေသိန်း၃၀ကျော်သာရရှိတော့လို့ရပ်နားဖို့ဆုံးဖြတ်လိုက်ရတာပဲ။
အခုလိုချန်နယ်တွေ၊ကလစ်အပ်ပလီကေးရှင်းတွေအားနည်းလာနေတာတော့ကြာပါပြီ။အဓိကတော့လူတွေငြီးငွေ့လာကြတာပဲ။ပီးတော့အခုနောက်ပိုင်းမီးတွေတအားပြတ်တော့အဲ့ဒီအတွက်ကိုအချိန်မပေးနိုင်ကြတော့ဘူး။တော်လှန်ရေးကာလနှစ်နှစ်ကျော်ကြာလာပြီးတဲ့နောက်မှာထို့ကဲ့သို့အင်တာနက်အားပြုထောက်ပို့လုပ်ငန်းတွေပျောက်ကွယ်သွားတော့မယ်။