ကရင်ပြည်နယ်၊မြဝတီမြို့ရွှေကုက္ကိုမြို့သစ်မှာစစ်တပ်လက်အောက်ခံBGFစခန်းတွေကိုကရင်ပူးပေါင်းတပ်ဖွဲ့တွေဒီမနက်အစောပိုင်းမှာစီးနင်းတိုက်ခိုက်ခဲ့တယ်။ရွှေကုက္ကိုမြို့သစ်ဆိုတာကရင်ပြည်နယ်မှာတရုတ်ရင်းနှီးမြုပ်နှံမှုနဲ့တည်ဆောက်ထားတဲ့လောင်းကစားမြို့ပါ။ထိုမြို့ကိုBGFတပ်ဖွဲ့တွေကထိန်းချုပ်ထားတယ်။ဒီမနက်မှာတော့လောင်းကစားရုံတွေရှိတဲ့နေရာတွေမှာပါနှစ်ဖက်တိုက်ပွဲတွေဖြစ်နေတယ်။တိုက်ပွဲပြင်းထန်တဲ့အတွက်စစ်တပ်ကလေကြောင်းကနေပစ်ကူပေးနေတယ်။မြို့နေလူထုသုံးထောင်လောက်ကတော့သောင်ရင်းမြစ်ကိုကူးပြီးထိုင်းဖက်ထွက်ပြေးနေရတယ်။နှစ်ဖက်အထိအခိုက်အကျအဆုံးကိုတော့အတိအကျမသိရသေးဘူး။ကရင်ပြည်နယ်ထဲမှာတော့စစ်ခွင်ဟာတဖြည်းဖြည်းကျယ်ပြန့်လာနေတယ်။
ဧပြီ ၂၅၊ ၂၀၂၅။ (သောကြာ)
နေပြည်တော်ကNON CDM ဝန်ထမ်းတွေရဲ့ဘဝတွေဟာလဲ သနားစရာကောင်းပါတယ်။ဒီလောက်အခြေအနေဆိုးနေတဲ့ကြားက စစ်ကောင်စီက...