စစ်ကောင်စီဟာNLDပါတီကိုမဖျက်သိမ်းခင်ထောင်ထဲရောက်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုဖျောင်းဖျဖို့ကြိုးစားခဲ့တယ်။သူတို့သိမ်းသွင်းထားတဲ့အရင်NLDပါတီအမတ်ဟောင်းဒေါ်စန္ဒာမင်းကိုဒေါ်အောင်ဆန်းစုကြည်နဲ့ပေးတွေ့ခဲ့သေးတယ်။ဒေါ်စန္ဒာမင်းဆိုတာစစ်ကောင်စီဘက်ပြည်သူ့မျက်နှာမထောက်ပူးပေါင်းသွားလို့ပြည်သူ့ချဉ်ဖတ်ဖြစ်သွားတဲ့အမတ်ဟောင်းတစ်ယောက်ပဲ။ဒေါ်အောင်ဆန်းစုကြည်ကိုသူနဲ့ပေးတွေ့ပေးပြီးNLDပါတီရွှေးကောက်ပွဲပြန်ဝင်အောင်ကြိုးစားခဲ့တာပါ။ဒါမှလဲသူတို့လုပ်တဲ့ရွှေးကောက်ပွဲအတုအယောင်ကနိုင်ငံတကာမှတရားဝင်မှုများရလာမလားလို့ပါ။ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်ကအတွေ့မခံပဲပြန်လွှတ်လိုက်တယ်။ဒါဟာပြည်သူတွေဆင်နွဲနေတဲ့တော်လှန်ရေးအပေါ်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားပဲ။သူမဟာပြည်သူတွေနဲ့အတူရှိနေပါတယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


