မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့ရတာအများဆုံးကိစ္စတစ်ခုက စစ်ဘေး ရှောင်လူဦးရေများပြားလာတာပဲ။ မြန်မာတစ်နိုင်ငံလုံးမှာ စစ်ရှောင်သူဦးရေ နေ့စဉ်နဲ့အမျှတိုးလို့နေ တယ်။ စစ်ကိုင်း၊ ကယား၊ ချင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ မရေမတွက်နိုင်တဲ့ စစ်ရှောင်ဦးရေတွေ ဟာ အိုးအိမ်မဲ့ အစာရေစာရှားပါးမှုဒဏ်ကိုအလူးအလှိမ့်ခံနေကြရတယ်။ ဒီနေ့ မနက်ပိုင်းနဲ့ နေ့လည်ပိုင်းမှာ ရှမ်း ပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အနီးတဝိုက်ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေလုပ်နေတယ်။ အဲဒီဒေသမှာ စစ်ရှောင်နေရတဲ့ပြည်သူတွေလည်းတိုးလာပြန်ပြီ။ ဘယ် တော့မှ မြန်မာနိုင်ငံကြီးက အေးချမ်းမှာလဲ။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။