မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းနဲ့ ချင်းပြည်နယ်တွေမှာဒေသခံကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ် တွေ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသလို မြဝတီမှာလည်း တိုက်ပွဲတွေကအေးခဲမသွားဘူး။ အခုရက်ပိုင်းမှာ မြဝတီဒေသမှာရှိတဲ့ စစ်ကောင်စီစခန်းတွေအတိုက်ခိုက်ခံရပြီး အရပ်သားတွေအများအပြားတိမ်းရှောင် နေရပြန်တယ်။ မြန်မာနိုင်ငံမှာ မြို့ကြီးတစ်ချို့ကလွဲရင်ကျန်တဲ့နေရာတွေက စစ်ရှောင်စခန်းတွေချည်းပဲ လားမသိတော့ပါဘူး။ နေ့စဉ်ရှင်သန်နေရတာ ခက်ခဲလိုက်ရတဲ့ဘဝတွေပါပဲ။ ဒီနေ့မှာတော့ မြဝတီနဲ့ ကော့ ကရိတ်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရတယ်။ ထုံးစံအတိုင်းပါပဲ။ စစ်ကောင်စီဖက်ကတော့ လေကြောင်းတပ်ကူတွေနဲ့လာပစ်တယ်။ ဒေသခံတွေထိခိုက်သွားတာမျိုးလည်း ရှိတယ်။
ဒီဇင်ဘာ ၂၁၊ ၂၀၂၄။ (စနေ)
ချင်းပြည်နယ်မှာလဲမင်းတပ်မြို့ကို တစ်လကျော်ကြာတိုက်ခိုက်ပြီးနောက်ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်ပါပြီ။မင်းတပ်မြို့သိမ်းတိုက်ပွဲမှာလဲလက်နက်ကြီးတွေအပါအဝင် လက်နက်အများအပြားနဲ့စစ်သူပုန်ရာချီပြီးဖမ်းဆီးရမိခဲ့တယ်။မှတ်တမ်းဓာတ်ပုံတွေအရ ချင်းပြည်နယ်ထဲကတိုက်ပွဲတွေမှာ...