မန္တလေးမှာ စစ်ကောင်စီရဲ့လက်ပါးစေဝန်ထမ်းတွေဆက်တိုက်အသတ်ခံနေရတာတွေတွေ့လာရတယ်။ ပြီးတော့ အစိုးရရုံးတွေကို ဗုံးခွဲတာမျိုးတွေလည်းတွေ့ရတယ်။ စစ်ဆင်ရေးတွေဆက်တိုက်လှုပ်ရှားလာ တာရှိသလို အထူးသတိထားရမယ့်အချိန်လည်းဖြစ်တယ်။ တစ်ဖက်မှာတော့ မြန်မာနိုင်ငံသားတွေဟာ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးလာတယ်။ ပြည်တွင်းမှာတင်မကဘူး ဘန်ကောက်တို့ စင်ကာပူတို့လို အိမ်နီးချင်းနိုင်ငံတွေမှာလည်း မြန်မာတွေအလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်ပြီး စည်းကမ်းတင်းကြပ် မှုတွေခံလာရတယ်။ အလုပ်ဖြုတ်ခံလာရတာတွေရှိတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ဘယ်အရာကမှ လွယ်ကူမနေတဲ့ကာလဖြစ်တယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။