စစ်တပ်ဟာကယားပြည်နယ်သာမကချင်းပြည်နယ်ကိုလဲအခုရက်ထဲမှာကြီးမားတဲ့စစ်ဆင်ရေးတွေလုပ်ဖို့ပြင်ဆင်နေတယ်လို့သိရတယ်။ချင်းပြည်နယ်ကိုစစ်အင်အားဖြည့်ဖို့အတွက်မကွေးတိုင်းပခုက္ကူမြို့ထဲမှာစစ်အင်အားများစွာစုစည်းနေပြီးချင်းတောင်ဖက်ကိုစစ်ကား၁၀၀စီးခန့်တက်လာလိမ့်မယ်လို့ခန့်မှန်းရတယ်။စစ်တပ်ဟာချင်းပြည်နယ်ဖက်ကိုစစ်ယာဉ်တန်းတွေနဲ့အင်အားမဖြည့်နိုင်တော့တာအတော်ကြာခဲ့ပြီ။ဒါကြောင့်ချင်းပြည်နယ်ဖက်မှာသူတို့ဟာမြို့တွေပေါ်မှာလောက်သာနယ်မြေစိုးမိုးနိုင်တော့ပြီးကျန်နေရာတွေကိုတော်လှန်ရေးအဖွဲ့ကစိုးမိုးနိုင်နေပြီ။ဒါကိုချေဖျက်ဖို့အတွက်ဒီနှစ်ပွင့်လင်းရာသီမှာချင်းပြည်နယ်ကိုအင်အားဖြည့်ဖို့လုပ်ဆောင်နေတာဖြစ်မယ်။ချင်းပြည်နယ်ကိုစစ်ယာဉ်တန်းတွေတက်လာမယ်ဆိုရင်တော့စစ်သူပုန်အတွက်အရင်အခေါက်တွေထပ်များစွာခက်ခဲနိုင်တယ်။တော်လှန်ရေးအဖွဲ့တွေကဧည့်ခံဖို့အဆင်သင့်ပဲလေ။
ဇန်နဝါရီ ၂၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ဒီနေ့ဟာတရုတ်နှစ်ကူးနေ့ပါ။အရင်ကမြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်တရုတ်နှစ်ကူးကို ရုံးပိတ်ရက်သတ်မှတ်မပေးဘူး။အခုမင်းအောင်လှိုင်လက်ထက်ကျမှ တရုတ်ကိုအဖေခေါ်ပြီးရုံးပိတ်ရက်သတ်မှတ်လိုက်တယ်။တရုတ်နှစ်ကူးပွဲကိုတော့ ဒီနိုင်ငံမှာထူးထူးခြားခြားဘာမှမပြုလုပ်ကြပါဘူး။ရန်ကုန်ကတရုတ်တန်းတဝိုက်...