ကရင်နီပြည်နယ်မှာဒီမော့ဆိုမြို့ကိုစစ်တပ်ကပြန်သိမ်းပြီးနောက်တောင်ဘက်ကမြို့တွေဖြစ်တဲ့ဖရူဆိုနဲ့ဘောလခဲမြို့တွေကိုဆက်လက်စစ်ကြောင်းထိုးနေတာအခုဆိုရင်အတော်ခရီးရောက်နေပါပြီ။ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေအပြင်းအထန်ခုခံကာကွယ်နေပေမယ့်စစ်တပ်စစ်ကြောင်းတွေဟာအင်အားများပြားတာကြောင့်တဖြည်းဖြည်းနဲ့ရှေးတိုးလာနေတယ်။
စစ်ကိုင်းတိုင်းမှာလဲတော်လှန်ရေးတပ်ဖွဲ့တွေမကြာသေးမှီကသိမ်းပိုက်ထားတဲ့ဗန်းမောက်မြို့ကိုစစ်တပ်ကပြန်လည်သိမ်းယူဖို့ကြိုးစားလာပါတယ်။မြို့ကိုသိမ်းပီးကတည်းကတိုက်ပွဲမဖြစ်တဲ့ရက်မရှိသလောက်ပဲ။အခုဆိုရင်စစ်တပ်စစ်ကြောင်းတွေဟာမြို့နဲ့နှစ်မိုင်အကွာအထိရောက်ရှိနေပါပြီ။ဗန်းမောက်ကိုမလဲဆက်လက်ထိန်းထားဖို့မလွယ်လောက်ဘူးထင်တယ်။


