စစ်ကိုင်းတိုင်း၊မုံရွာမြို့မှာစစ်ကောင်စီတပ်က အိမ်စီးကား ၅ စီးနဲ့ ဆုတောင်းပြည့်ဘုရားပွဲက စတိတ်ရှိုးပွဲကနေ ပြန်လာတဲ့လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးသွားလို့ လူငယ်အများအပြားဖမ်းဆီးခံလိုက်ရတယ်။ စုစုပေါင်း ၃၂ယောက် ခန့်မှန်း ပါသွားတယ်လို့သိရတယ်။
မုံရွာမြို့ပြင်ကကျေးရွာတွေကို ပြီးခဲ့တဲ့သီတင်းကျွတ်လပြည့်ညက ဗုံးကြဲပြီးသတ်ဖြတ်နေချိန်မှာပဲ စစ်ကောင်စီက မုံရွာမြို့ပေါ်မှာစတိတ်ရှိုးပွဲတွေပြုလုပ်ပေးနေတယ်။ အမှတ်မရှိတဲ့ မြို့ပေါ်ကပြည်သူတွေနဲ့ စတိတ်ရှိုးပွဲတွေကလူစည်နေခဲ့တယ်။ စစ်ကောင်စီဟာ မုံရွာမြို့ပေါ်မှာ သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးပြီး နောက်ကွယ်ကနေ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတာဖြစ်တယ်။ မုံရွာမြို့တင်မကပဲ အခြားမြို့ကြီးတွေမှာလဲ စစ်ကောင်စီဟာ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပေးနေပြီး နောက်ကွယ်မှာ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ရှိနေတယ်လို့သတင်းတွေ ထွက်နေတယ်။


