မကွေးတိုင်း နဲ့ ပဲခူးတိုင်းမှာ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်စက်ရုံ (ကပစ) သုံးခုအနီးမှာစစ်တပ်နဲ့ အေအေတော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲအပြင်းအထန်ဖြစ်နေပါတယ်။ ကပစ (၆)၊ (၁၄) နဲ့ (၂၄) မှာ တိုက်နေကြတာဖြစ်ပြီး ၆ နဲ့ ၁၄ နားမှာ တိုက်ပွဲက တော်တော်ကို ပြင်းထန်နေတယ်။ စစ်တပ်ကလည်း အင်အားထောင်ချီသုံးပြီး လေကြောင်းပစ်ကူနဲ့ ခုခံနေတယ်။ ကပစ(၆) နဲ့ ကပစ(၁၄)ကိုအပြီးသတ်သိမ်းယူဖို့အထိ AAနဲ့ မဟာမိတ်တပ်တွေ စစ်ရေးအရှိန်မြှင့်နေတာလို့ ယူဆရပါတယ်။ အေအေနဲ့ ပူးပေါင်းတပ်တွေ ကပစစက်ရုံံတွေကိုစတင်ခြိမ်းခြောက်လာနိုင်တာ ဧပြီလထဲကပါ။ ကောင်စီတပ်မှာကပစစက်ရုံ ၂၅ ခုရှိပါတယ်။ အခုထိုစက်ရုံံတွေထဲက တချို့စက်ရုံတွေအနီးထိကို တော်လှန်ရေးပူးပေါင်းတပ်တွေ ရောက်ရှိလာနေပါပြီ။
အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)
မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့...


