စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်မှာ သီတင်းကျွတ်လပြည့်ည ဆီမီးထွန်း နေသူတွေကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ်။ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ စက်တပ်လေထီးနဲ့ ဆီမီးထွန်းနေတဲ့ လူအုပ်ထဲကို ၁၂၀ မမ ဗုံးသီး နှစ်လုံး ကြဲချသတ်ဖြတ်သွားတာပါ။ ဗုံးကြဲမှုကြောင့် သေဆုံးသူ ၂၀ ဦးနဲ့ ဒဏ်ရာရသူ ၄၀ ကျော် ရှိတယ်လို့ သိရတယ်။ လက်ခြေ ပြတ်တာတွေ၊ ဘယ်အလောင်းကောက်ရမယ်မသိတဲ့တာတွေနဲ့ သေဆုံးသူအရေအတွက် ပိုတိုးလာနိုင်ပါတယ်။ စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ အာဏာသိမ်း စစ်အုပ်စုက သီတင်းကျွတ်ကာလ ပျော်ပွဲရွှင်ပွဲ ပြုလုပ်ပေးနေချိန်နဲ့ တချိန်ထဲ မုံရွာခရိုင်ထဲက ကျေးရွာတွေမှာ ဆီမီးထွန်းသူတွေကို စက်တပ်လေထီး နဲ့ ဗုံးကြဲသတ်သွားတာပါ။


