သီတင်းကျွတ်လပြည့်နေ့မှာပုဂံရှေးဟောင်းယဉ်ကျေးနယ်မြေကို လာရောက်လည်ပတ်တဲ့ ဘုရားဖူးဧည့်သည် ထောင်နဲ့ချီရှိနေတယ်။ ဧည့်သည် များလွန်းတာကြောင့် တန်ခိုးကြီးဘုရားတွေမှာ လူအပြည့်နဲ့စည်ကားနေပြီး ဟိုတယ်နဲ့ ဘုန်းကြီးကျောင်းတွေပါ တည်းခိုသူတွေလည်းပြည့်နေပြီ။ နာမည်ကြီးဘုရားတွေမှာဆိုလည်း ကားရပ်နားကွင်းပြည့်လျှံတဲ့အထိပဲ။ ဒါပေမယ့် မိတ္ထိလာ-ကျောက်ပန်းတောင်း ကားလမ်းပေါ်က ကိုင်းတံတားကျိုးကျသွားတာကြောင့် မြို့ရှောင်လမ်းတွေကို အသုံးပြု မောင်းနှင်ရတဲ့အတွက် ရန်ကုန်-မန္တလေး အမြန်လမ်းမမှာ ခရီးသွားကားတွေ ရာနဲ့ချီ ပိတ်ဆို့ခဲ့ပါသေးတယ်။ ကျောင်းပန်းတောင်းလမ်းပိုင်းနေရာတွေနဲ့ လမ်းပိုင်းတချို့မှာ စစ်အုပ်စုစစ်ဆေးငွေညှစ်ဂိတ်တွေရှိနေပြီး ခရီးသွားပြည်သူတွေကို မှတ်ပုံတင်နံပါတ်ကို PSMS စနစ်နဲ့ တိုက်ဆိုင် စစ်ဆေးနေတဲ့ကြားက သီတင်းကျွတ်ရုံးပိတ်ရက်ရှည်မှာ ပုဂံကိုလူတွေအများကြီးသွားကြတာပါ။ ဧရာဝတီတိုင်းဘက်မှာ တိုက်ပွဲတွေဖြစ်နေလို့ ကမ်းခြေတွေကိုသွားမရဘူး။ ပြည်တွင်းမှာ အခြားလည်ပတ်စရာနေရာတွေကလဲ လုံခြုံရေးအရ စိတ်မချရတဲ့အတွက် ပုဂံမှာပဲစုပြုံနေကြတယ်။
အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)
မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့...


