စစ်ကော်မရှင်က ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေစတင်ကပ်နေပါတယ်။ ဒါပေမယ့်ကပ်ထားတဲ့မဲစာရင်းတွေမှာ ဆိုးဆိုးရွားရွားမှားယွင်းနေကြောင်း ဝေဖန်မှုတွေရှိလာတယ်။ ဝေဖန်နေကြတာကလဲစစ်ကော်မရှင်ကို ထောက်ခံနေကြသူတွေသာဖြစ်တယ်။ ပြည်သူလူထုကတော့ ထိုမဲစာရင်းတွေကိုစိတ်မဝင်စားပါဘူး။ စစ်ကော်မရှင် ထုတ်ပြန်ထားသော မဲဆန္ဒရှင် စာရင်းများတွင် သေဆုံးသူများ၊ နေရပ်၌ မရှိတော့သူများ၊ အပြီးပြောင်းရွှေ့သွားသူများ စသည်တို့ ပါဝင်နေပြီး ဝင်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အုပ်ချုပ်ရေးမှူး မိသားစုဝင်များပင် မပါဝင်ဘဲ မြို့နယ်တစ်ခုလျှင် မဲစာရင်း ရာနှင့်ချီ မှားယွင်းနေကြောင်း သိရတယ်။ မဲစာရင်းမှားနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့စစ်တပ်ဟာ သူတို့ကိုယ်တိုင်ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာမဲစာရင်းတွေဆိုးရွားစွာ မှားယွင်းနေတယ်ဆိုတာ ရယ်စရာတော့အကောင်းသားပဲ။


