မြန်မာပို့ကုန်များကို အမေရိကန်၏ အခွန် ၄၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံသည့် အစီအစဉ် အသက်ဝင်သည့် ဩဂုတ်လ ၁ ရက်နေ့မှစ၍ အထည်ချုပ်အမှာများ ကျဆင်းလာပြီး ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံအချို့ ပိတ်သိမ်းလာရတယ်။ အခွန်နှုန်းထားသစ် အသက်ဝင်သည့် နှစ်လအတွင်း ရန်ကုန်မြို့ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ် များရှိ အထည်ချုပ်စက်ရုံ လေးရုံခန့် အနည်းဆုံး ပိတ်သိမ်းခဲ့ပြီး အချို့စက်ရုံများသည် အလုပ်သမား လျှော့ချခြင်း၊ အချိန်ပိုအလုပ်ချိန်များ ရပ်ဆိုင်းခြင်းရှိလာတယ်။ အမေရိကန်ဈေးကွက်သို့ ဦးတည်သည့် အထည်ချုပ်စက်ရုံများအနက် လုံးဝမလည်ပတ်နိုင်တော့သည့် စက်ရုံအချို့ပိတ်သိမ်းခဲ့သော်လည်း အချို့စက်ရုံများမှာ ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများမှ အထည်ချုပ်အမှာများ ရယူ၍ အားပြုချုပ်လုပ်လာရတယ်။ မြန်မာဟာ အရှေ့တောင်အာရှတွင် လုပ်ခလစာဈေးအပေါဆုံးဖြစ်၍ အကျပ်တည်းပေါင်းစုံကြားတွင် စက်ရုံများ လည်ပတ်နိုင်ခဲ့သော်လည်း ထရမ့်၏ မြန်မာနိုင်ငံအပေါ် အခွန်တိုးမြှင့်သတ်မှတ်မှုသည် အမေရိကန်ဈေးကွက်ကို အဓိကတင်ပို့နေသည့် စက်ရုံများအတွက် ကြီမားသောရိုက်ခတ်မှု ဖြစ်စေခဲ့တယ်။ အထည်ချုပ်လုပ်ငန်းတွေ အကြပ်အတည်းတွေ့လာရင် ထိုလုပ်ငန်းအပေါ် မှီခိုနေရတဲ့ အလုပ်သမား၇သိန်းကျော်နဲ့ မိသားစုဝင်တွေရဲ့လူမှုဘဝတွေကိုပါ ရိုက်ခတ်လာနိုင်ပါတယ်။
အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)
မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့...


