ထရန့်ရဲ့ ပြည်ဝင်ခွင့်ပိတ်ပင်တဲ့အမိန့်ဟာပြည်တွင်းမှာ မတည်ငြိမ်မှုတွေကြောင့်အမေရိကန်မှာအခြေချဖို့ကြိုးစားနေတဲ့ လူတန်းစားတစ်ရပ်ကိုထိခိုက်မှုတွေရှိလာလိမ့်မယ်။ကျောင်းသွားတက်မယ့် သူတွေလဲသွားလို့မရတော့ပါဘူး။သာမာန်ပြည်သူတွေအတွက်ကတော့ ထူးခြားမှုမရှိပါဘူး။ဒါပေမယ့်နိုင်ငံရေးကိစ္စတွေကြောင့် နယ်စပ်မှာဒုက္ခသည်အဖြစ်နေထိုင်ပြီးအမေရိကန်ကို နိုင်ငံရေးခိုလှုံခွင့်ရဖို့လုပ်နေသူအတွက်တော့ အကျိုးသက်ရောက်မှုတွေ ရှိလိမ့်မယ်ထင်တယ်။
အမေရိကန်နိုင်ငံထဲတရားဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား၂၀ရါခိုင်နှုန်းကျော်ဟာ မြန်မာပြည်ကိုမပြန်တော့ပဲခိုကပ်နေကြတဲ့အတွက် ထိုအမိန့်ကိုထုတိပြန်ရတာလို့ အမေရိကန်ဘက်ကလဲပြောထားတယ်။ ထိုအမိန့်ကြောင့်မြန်မာနိုင်ငံဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ပြည်တွင်းစစ်ကြောင့် ကမ္ဘာပေါ်မှာအဆိုးရွားဆုံးနိုင်ငံအနည်းငယ်စာရင်းထဲကို ရောက်ရှိတယ်ဆိုတာ ထပ်မံပြသလိုက်တာပါပဲ။