Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဖြေရှင်းမည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော်(SSPP/SSA)က ယနေ့ (မတ်လ ၃၀ ရက်) ထုတ်ပြန်သည်။

ကိုးကန့်တပ်မတော်(MNDAA)နှင့် SSPP သည် ရှမ်းမြောက် လားရှိုးနှင့်သီပေါမြို့နယ်ကြားရှိ နမ့်မကျေးရွာ၌ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာလာခြင်းဖြစ်သည်။

ဧပြီ ၂၈ ရက်နှင့်၂၉ ရက်တွင် SSPP နှင့် MNDAA တပ်တို့အကြား စစ်ရေးထိတွေ့မှုရှစ်နေရာ၊ နှစ်ဘက်ထိုးကြိတ်မှု ၂၄ နေရာအထိ ရှိခဲ့သည်ဟု SSPPက ထုတ်ပြန်ထားသည်။

ဧပြီလ ၂၈ ရက်ကနမ့်မနှင့် ကုန်ပေါင်းကျေးရွာရှိ SSPP တပ်များဆုတ်ခွာပေးရန် MNDAAက လာရောက်ညှိနှိုင်းရာမှ နှစ်ဘက်တပ်များ ထိုးကြိတ်မှုဖြစ်ပွားခဲ့ပြီး ဧပြီ ၂၉ ရက်တွင် နမ့်မကျေးရွာထဲ ဝင်လာသည့် MNDAAတပ်ဖွဲ့ဝင်များကို SSPP က ပစ်ခတ်ခဲ့သည့်အတွက် နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းသတင်းရင်းမြစ်အချို့ထံမှ သိရသည်။ နှစ်ဖက်ထိခိုက်မှုများရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

MNDAAသည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလမှစပြီး SSPP နယ်မြေသို့ ဝင်ရောက်လာခြင်းကြောင့် အောက်ခြေတပ်များအကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာရသည်ဟု SSPP၏ ယနေ့ထုတ်ပြန်ချက်တွင်ပါရှိသည်။ လတ်တလော အခြေအနေများနှင့်ပတ်သက်၍ MNDAA က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

MNDAAနှင့် SSPPသည် UWSA၊ NDAA၊ KIA ၊AA၊ TNLA တို့နှင့်ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) တွင်ပါဝင်သည်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ KIA နှင့် MNDAA၊ TNLA နှင့် MNDAAတို့ နယ်‌မြေအငြင်းပွားမှုအချို့လည်းရှိနေသည်။

လတ်တလောတွင် SSPP နှင့် MNDAAသည် သီပေါမြို့နယ်၊ စိန်ကျော့ရွာနှင့် လားရှိုးမြို့နယ်၊ ဟန်နားရွာအနီး၌ စစ်ရေးဆက်လက်တင်းမာနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

စာတည်း – အေးချမ်း

 

 

 

 

Tagged MizzimaBurmeseNews, MNDAA, SSPP, မဇ္ဈိမသတင်းဌာန, လားရှိုး, သီပေါ

Related Posts

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

ရာထူးအပြောင်းအလဲများနှင့် စခဲ့သည့် လေးနှစ်ပြည့် စစ်ကောင်စီ
သတင်း

ရာထူးအပြောင်းအလဲများနှင့် စခဲ့သည့် လေးနှစ်ပြည့် စစ်ကောင်စီ

February 3, 2025

အာဏာသိမ်းပြီး လေးနှစ်ပြည့်ချိန် စစ်ကောင်စီက ရှေ့လုပ်ငန်းစဉ် ၅...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English