ကချင်ပြည်နယ်ဗန်းမော်မြို့ကို KIAက တကျော့ပြန်ထိုးစစ် ဆင်လာပါတယ်။ဗန်းမော်မြို့ရဲ့နေရာအတော်များများကို KIAကသိမ်းပိုက်ထားပြီး လက်ကျန်စစ်ကောင်စီစခန်းတွေနဲ့ ဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့ကြိုးစားနေတယ်။စစ်ကောင်စီဘက်ကလဲ KIAရဲ့ဗန်းမော်ထိုးစစ်ကိုအာရုံပြောင်းတဲ့အနေနဲ့ ကျောက်စိမ်းတွေထွက်ရှိရာ ဖားကန့်ကိုအင်အားအများအပြားနဲ့ စစ်ကောင်းသုံးခုခွဲကာ ပြန်လည်ထိုးစစ်ဆင်လာပါတယ်။ဒါပေမယ့် အောင်မြင်မှုမရှိပဲအကျအဆုံးတွေသာ များနေတယ်။ဗန်းမော်မြို့ဟာ လက်ရှိအချိန်မှာတော်လှန်ရေးအဖွဲ့တွေဘက်က ဆင်နွဲနေတဲ့တစ်ခုတည်းသော မြို့သိမ်းတိုက်ပွဲဖြစ်ပြီး တိုက်ပွဲကာလငါးလကျော်ရှိနေပါပြီ။
သြဂုတ် ၁၅၊ ၂၀၂၅။ (သောကြာ)
စစ်ကိုင်းမြို့နယ် စစ်ကိုင်း-ရှိမ္မကား-ကျောက်မြောင်း ဗျူဟာ လမ်းမကြီးပေါ်မှာ ရှိနေတဲ့...