၁၀၂၇စစ်ဆင်ရေးတွေငြိမ်သက်သွားချိန်ပြီးချိန်မှာစစ်ကောင်စီက အင်အားပြန်လည်စုစည်းပြီး ဒီနှစ်ဧပြီလလောက်ကျရင်ထိုးစစ်တွေ ပြန်စလိမ့်မယ်လို့စစ်ရေးကျွမ်းကျင်သူတွေ ခန့်မှန်းခဲ့ကြတယ်။အခုလဲစစ်ကောင်စီဟာ တောင်ခမ်းနဲ့မိုးဗြဲမှာထိုးစစ်တွေပြန်လည်စတင်နိုင်လာတာတွေ့ရတယ်။MNDAAရဲ့ လုံးဝအပစ်ရပ်လိုက်နိုင်ပြီးနောက်စစ်ကောင်စီဟာ TLNAထိန်းချုပ်နယ်မြေတွေကို အနှောက်ယှက်ကင်းကင်းနဲ့ပြန်လည်တိုက်ခိုက်လာတယ်။ဒါ့အပြင် လားရှိုးကိုပြန်ရပြီးနောက် အငြိမ်နေမှာမဟုတ်ပဲ တရုတ်အားကိုးပြီးနိုင်ငံရေးနည်းလမ်းနဲ့ ရှမ်းမြောက်ကနယ်မြေတွေကို ရလောက်ယူဖို့ကြိုးစားပါလိမ့်မယ်။တရုတ်ကလဲမန္တလေးမူဆယ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ချင်တဲ့အတွက်စစ်ကောင်စီကို ကူညီမှာပါ။ဒါ့ကြောင့်MNDAAပြီးရင် TLNAအနေနဲ့နိုင်ငံရေးစစ်ရေးဖိအားတွေ ဆက်လက်ရင်ဆိုင်ရနိုင်ပါတယ်။
ဧပြီ ၂၅၊ ၂၀၂၅။ (သောကြာ)
နေပြည်တော်ကNON CDM ဝန်ထမ်းတွေရဲ့ဘဝတွေဟာလဲ သနားစရာကောင်းပါတယ်။ဒီလောက်အခြေအနေဆိုးနေတဲ့ကြားက စစ်ကောင်စီက...