MNDAAသိမ်းပိုက်ခဲ့တဲလားရှိုးမြို့ကို စစ်ကောင်စီထံပြန်ပေးလိုက်ရချိန်မှာပဲ TLNAထိန်းချုပ်နယ်မြေက တောင်ခမ်းစစ်မျက်နှာမှာလဲစစ်ကောင်စီက အသာစီးရလာနေပါတယ်။ထိုဒေသကစစ်ကောင်စီအမြောက်တပ်လေးခုကို အပြီးသတ်မသိမ်းနိုင်ခဲ့တာကြောင့် စစ်ကောင်စီကအင်အားဖြည့်တင်းပြီးခံစစ်ကနေ တိုက်စစ်ကိုကူးပြောင်းလာခဲ့တယ်။စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဒရုန်းတွေကိုအဆမတန်အသုံးပြု ထိုးစစ်ဆင်လာတာကြောင့်မတ်လကုန်လောက်ကစပြီး ထိုစစ်မျက်နှာမှာTLNAတပ်တွေတဖြည်းဖြည်းနဲ့ အရေးနိမ့်လာတယ်။အခုဆိုရင်နောင်ချိုမြို့နဲ့မိုင်နှစ်ဆယ်အကွာအထိ စစ်ကောင်စီတပ်တွေရောက်လာပါပြီ။
ကရင်နီပြည်နယ်မှာလဲ မိုးဗြဲမြို့ကိုပြန်သိမ်းနိုင်ဖို့စစ်ကောင်စီက အပြင်းအထန်တိုက်ခိုက်နေတုန်းပါပဲ။အခုချိန်ထိတော့ ကရင်နီတော်လှန်ရေးတပ်တွေက စစ်ကောင်စီရဲ့ထိုးစစ်ကို ထိန်းချုပ်ထားနိုင်သေးတယ်။မိုးဗြဲမြို့ဟာ ကရင်နီပြည်နယ်ရဲ့ဝင်ပေါက်ဆိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ရသလောက်တော့ခုခံနေဦးမှာပဲ။