မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုများ ကြုံတွေ့ခဲ့ရသော မြန်မာပြည်သူများအတွက် နိုင်ငံတကာက အရေးပေါ် ကယ်ဆယ်ရေး၊ စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ ဆက်တိုက် ပေးပို့နေပါတယ်။ ရန်ကုန်လေဆိပ်ကို ကယ်ဆယ်ရေးပစ္စည်းတွေသယ်ဆောင်လာတဲ့ လေယာဥ်တွေ တစ်နေ့အနည်းဆုံး၂စီး ခန့်ဆင်းသက်နေတယ်။ ဒါပေမယ့် စစ်ကောင်စီက နိုင်ငံတကာက ပေးပို့နေတဲ့ တန်နဲ့ချီတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ငလျင်ဘေးသင့် ပြည်သူတွေကို မဖြန့်ဝေဘဲ နေပြည်တော်မှာ စုပုံထားတယ်။ နေပြည်တော်က ဝန်ကြီးဌာနရုံးရှေ့ကွင်းပြင်တွေနဲ့ တချို့ကို အားကစားကွင်းမှာလည်းထားတယ်။ နိုင်ငံတကာက ပေးပို့သည့် အရေးပေါ် ကူညီ ကယ်ဆယ်ရေးပစ္စည်းများမှာ အချိန် မီ ဖြန့်ဝေခြင်းမပြုလျှင် လေ လွင့် ပျက်စီးနိုင်သော ရေတိုအသုံးပြုရသည့် ပစ္စည်းများ ပါဝင်နေပြီး ကယ်ဆယ်ရေးပစ္စည်းများကို တာလပတ်ဖြင့် အုပ်ကာ စုပုံထားခြင်းမှာ မဖြစ်သင့်ဘူး။ ကယ်ဆယ်ရေးပစ္စည်းတွေကို စစ်ကောင်စီကသေချာမစီမံနိုင်ပါဘူး။ အဲဒီစ္စည်းတွေမှာ တချို့ကိုလည်း ဝေတာက နေပြည်တော်အတွင်းမှာပဲ ဝေတယ်။ ငလျင်ဘေးသင့် မန္တလေးနဲ့ စစ်ကိုင်းကို မရောက်ပါဘူး။ အခုငလျင်ဖြစ်တာ ၃ပတ် ကျော်ပြီ။ နိုင်ငံတကာကပေးတဲ့ပစ္စည်းတွေကနေပြည်တော်မှာ အပုံလိုက်ပဲ။ စစ်ကောင်စီရဲ့ စေတနာမပါမှုကြောင့် ပြည်သူတွေဆီ နိုင်ငံတကာကအကူအညီတွေရောက်မလာပဲ အခွင်အရေးတွေထပ်မံ ဆုံးရှုံးနေရတယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...