၂၀၂၅ခုနှစ်ရဲ့သင်္ကြန်ချိန်ခါ ကျရောက်လို့လာပြန်ပါပြီ။သင်္ကြန်မတိုင်ခင်ထဲကရွာနေတဲ့ မိုးဟာ ဒီနေ့သင်္ကြန်အကြိုနေ့ထိ ရွာသွန်းနေဆဲပဲ။မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့စစ်ကိုင်းငလျင်ကြီးကြောင့် ဒီနှစ်သင်္ကြန်မှာတော့ မြို့တိုင်းမှာမဏ္ဠပ်တွေ ဆောက်လုပ်ခဲ့ခြင်းမရှိပါဘူး။လူတိုင်းနီးပါး အပူမိနေချိန်မှာ လူစိတ်ရှိတဲ့သူတိုင်း သင်္ကြန်ပျော်ဖို့စိတ်မဝင်စားတော့ပါဘူး။ဒီနှစ်ကစပြီး မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဟာ ယူနက်စကိုဒြပ်မဲ့ယဥ်ကျေးမှုစာရင်းထဲ ဝင်ခဲ့တယ်။ဒါပေမယ့်မြန်မာတွေကတော့ သင်္ကြန်အရသာကို အပြည့်အဝမခံစားရတော့တာ ၂၀၂၀ခုနှစ်ကတည်းကပါ။အရင်တုန်းကစိတိလွတ်ကိုယ်လွတ် ပျော်ရွင်ခဲ့ရတဲ့အချိန်တွေကို ပြန်လည်တမ်းတမိတယ်။ဘယ်အချိန်မှ အရင်လို ပျော်ရွင်ခွင့်ရမှာလဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


