အင်းတော်မြို့ကိုသိမ်းပိုက်နိုင်ပြီး နောက်တစ်ရက်မှာပဲ ချင်းပြည်နယ်ကဖလမ်းမြို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဖလမ်းမြို့ကိုလဲ လေးလကြာအောင် တိုက်ခိုက်ခဲ့ရတယ်။လေးလအတွင်းမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကိုးဆယ်ကျော်ကျဆုံးခဲ့ရတယ်။ထိုမြို့ကိုရရှိလိုက်တာကြောင့် ချင်းပြည်နယ်မှာဟားခါး၊ထန်တလန်နဲ့တီးတိန်မြို့တွေကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တော့ပြီး ချင်းပြည်နယ်တစ်ခုလုံးရဲ့၈၅ရာခိုင်နှုန်းအထိ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်နေပါပြီ။ဆက်လက်ပြီး တီးတိန်မြို့ကို တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ကြေညာထားတယ်။ချင်းတော်လှန်ရေးအင်အားစုတွေသာ နှစ်ဖွဲ့ကွဲမနေရင် ဒီထက်ပိုပြီးအောင်မြင်နိုင်ပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


