ဧရာဝတီတိုင်းထဲမှာ စစ်ပွဲဧရိယာဟာတဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာနေပါတယ်။အေအေနဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရခိုင်နဲ့ဧရာဝတီတိုင်းအစပ်က မြို့နယ်တွေဖြစ်တဲ့သာပေါင်း၊ရေကြည်၊လေးမျက်နှာ၊အင်္ဂပူမြို့နယ်တွေထိတပြိုင်နက်ထဲ တိုက်ပွဲတွေဖော်ဆောင်နေပါတယ်။တိုက်ပွဲတွေဟာ မထင်မှတ်တဲ့နေရာတွေအထိ ရောက်လာတဲ့အတွက်ဒေသခံတွေ ချက်ချင်းစစ်ဘေးရှောင်နေရတယ်။ဧရာဝတီတိုင်းထဲမှာ အေအေရဲ့ဦးတည်ချက်ဟာ ဘယ်နေရာမှန်းမသိသေးတဲ့အတွက် စစ်ကောင်စီဘက်မှာလဲ အရူးမီးဝိုင်းနေတယ်။ပဲခူးတိုင်းအနောက်ခြမ်း ကပစ စက်ရုံတွေနားကိုလဲ အေအေရဲ့ထိုးစစ်တွေရောက်ရှိနေပါတယ်။စစ်ကောင်စီဘက်ကစစ်ကူတွေ လွတ်နေပေမယ့်အကျအဆုံးများနေတာကြောင့်နောက်ဆုံးစစ်ကူမလွတ်တော့ပဲ ထိုစက်ရုံတွေနားမှာပဲခံစစ်ပြင်နေတယ်။အေအေရဲ့ထိုးစစ်တွေကတော့ ဧရာဝတီတိုင်းနဲ့ပဲခူးတိုင်းဘက်မှာ တဖြည်းဖြည်းနဲ့ရှေ့တိုးလာနေပါတယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...