TLNAကသူတို့ထိန်းချုပ်နယ်မြေတွေမှာ စစ်သားစုဆောင်းနေသလိုပဲAAကလဲရခိုင်ပြည်နယ်မှာ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းဖို့စီစဥ်နေတယ်။အမျိုးသားဆိုရင် အသက်၁၈နှစ်မှ၄၅နှစ်အတွင်း၊အမျိုးသမီးဆိုရင်အသက်၁၈နှစ်မှ၃၅နှစ်အတွင်းလို့သိရတယ်။အခုလောလောဆယ်ကျောက်တော်မြို့နဲ့မြောက်ဦးမြို့တွေမှာ စတင်စီစဥ်နေတယ်။အလားတူပဲKIAကလဲ ကချင်ပြည်နယ်ထဲမှာတပ်သားသစ်တွေ စုဆောင်းနေတယ်လို့သတင်းတွေတက်နေတယ်။
စစ်ကောင်စီက ပြည်မမှာအတင်းအဓ္ဓမပေါ်တာဆွဲနေချိန်မှာ တိုင်းရင်းသားနယ်မြေတွေမှာလဲစစ်တိုက်ဖို့ လူစုနေတာသိပ်တော့မဆန်းပါဘူး။စစ်ပွဲကြီးတွေဖြစ်လာရင် နှစ်ဖက်လုံးမှာသေကြေပျက်ဆီးကြတာပဲလေ။လျော့ပါးသွားတဲ့ စစ်အင်အားတွေကိုပြန်ဖြည့်ဖို့ ကြိုးစားနေကြတယ်။ကြားထဲကတိုင်းပြည်ကလူငယ်တွေပဲ မြေဇာပင်ဖြစ်ကြရတယ်။စစ်ပွဲဆိုတာမဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။ဒါပေမယ့်ဒီစစ်အာဏာရှင်ဖက်ဆစ်လက်အောက်က လွတ်မြောက်ဖို့တော့ဒီစစ်ပွဲကို နိုင်အောင်တိုက်ကြရမှာပဲ။