စဉ့်ကူးမြို့ကိုဗုံးကြဲပြီးနောက်နေ့မှာပဲ ရှမ်းမြောက်ဒေသ၊ နောင်ချိုမြို့ရှိ ပရိယတ္တိစာသင်တိုက်ဘုန်းကြီးကျောင်းတစ်ခုကို စစ်အုပ်စုက ဗုံးကြဲပြီးနောက် စက်သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ရာ ရဟန်းသံဃာနဲ့ စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ပါတယ်။ စစ်အုပ်စုဟာ နောင်ချိုမြို့ပေါ်ကို တိုက်လေယာဉ်နဲ့ အနိမ့်ပျံကာ အချိန်အတော်ကြာ ဝဲပျံပြီးနောက် စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို အကြိမ်ကြိမ် ဗုံးကြဲကာ စက်သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်တာလို့ သိရတယ်။ ဗုံးကြဲမှုကြောင့်သေဆုံးသူတွေထဲမှာ စာသင်သားသံဃာတွေလဲ ပါဝင်ပါတယ်။ စစ်ကောင်စီဘက်ကတော့ ဘုန်းကြီးကျောင်းထဲမှာ TLNA စစ်သားတွေရှိနေလို့ ဗုံးကြဲတာလို့ ဆိုတယ်။ တကယ်ကစစ်ရှောင်တွေကို ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်သွားတာပါ။ TLNA နဲ့ဆွေးနွေးမှုတွေ မအောင်မြင်သေးတာကြောင့် စစ်ကောင်စီဟာဗုံးကြဲပြီး ဖိအားပေးနေတဲ့ပုံစံပါ။ နှစ်ရက်ဆက်တိုက်ဝမ်းနည်းစရာ သတင်းတွေပဲကြားနေရတယ်။
မ်းမြောက်ဒေသ၊ နောင်ချိုမြို့ရှိ ပရိယတ္တိစာသင်တိုက်ဘုန်းကြီးကျောင်းတစ်ခုကို စစ်အုပ်စုက ဗုံးကြဲပြီးနောက် စက်သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ရာ ရဟန်းသံဃာနဲ့ စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ပါတယ်။ စစ်အုပ်စုဟာ နောင်ချိုမြို့ပေါ်ကို တိုက်လေယာဉ်နဲ့ အနိမ့်ပျံကာ အချိန်အတော်ကြာ ဝဲပျံပြီးနောက် စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို အကြိမ်ကြိမ် ဗုံးကြဲကာ စက်သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်တာလို့ သိရတယ်။ ဗုံးကြဲမှုကြောင့်သေဆုံးသူတွေထဲမှာ စာသင်သားသံဃာတွေလဲ ပါဝင်ပါတယ်။ စစ်ကောင်စီဘက်ကတော့ ဘုန်းကြီးကျောင်းထဲမှာ TLNA စစ်သားတွေရှိနေလို့ ဗုံးကြဲတာလို့ ဆိုတယ်။ တကယ်ကစစ်ရှောင်တွေကို ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်သွားတာပါ။ TLNA နဲ့ဆွေးနွေးမှုတွေ မအောင်မြင်သေးတာကြောင့် စစ်ကောင်စီဟာဗုံးကြဲပြီး ဖိအားပေးနေတဲ့ပုံစံပါ။ နှစ်ရက်ဆက်တိုက်ဝမ်းနည်းစရာ သတင်းတွေပဲကြားနေရတယ်။