ရှမ်းမြောက်ကွတ်ခိုင်မြို့နယ်မှာပဲ MNDAAကဆန္ဒပြပြည်သူတွေကိုပစ်ခတ်လို့ ဒေသခံခြောက်ဦးခန့်သေးဆုံးသွားပါတယ်။ထိုမြို့နယ်ကရွာတစ်ရွာမှာ တရုတ်တွေဝင်ရောက် ရွှေတူးနေတာကို ရွာသားတွေကသွားရောက်ကန့်ကွက်ရာမှာ MNDAAကပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်တယ်။ထိုရွာကအဓိကရေအရင်းအမြစ်ဖြစ်တဲ့ချောင်းမှာ ရွှေတူးနေတာကြောင့် ဒေသခံတွေကဆန္ဒပြကန့်ကွက်ကြတာပါ။လူသေဆုံးတဲ့အထိ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် MNDAAရဲ့လုပ်ရပ်ဟာ စစ်ကောင်စီနဲ့ထူးမခြားနားဖြစ်လာတယ်။နောက်ပိုင်းမှာတော့ဒေသခံတွေရဲ့ တောင်းဆိုမှုကိုMNDAAက လက်ခံခဲ့တယ်လို့သိရတယ်။ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နယ်မြေထဲမှာ အခုလိုဖြစ်ရပ်တွေဖြစ်လာတာ ပုံရိပ်မကောင်းပါဘူး။ရှမ်းမြောက်မှာလဲတိုက်ပွဲတွေငြိမ်သက်နေတဲ့နောက်ပိုင်း အချင်းချင်းပဋိပက္ခတွေ ပိုများလာသလိုပဲ။
ဇွန် ၁၉၊ ၂၀၂၅။ (ကြာသပတေး)
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန်ဒေါင့်ရွာရဲစခန်းကို တော်လှန်ရေးစုပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်လိုက်ပါပြီ။ထိုစခန်းကိုဒီလ ၂ရက်နေ့ ကတည်းက...