စစ်ကိုင်းတိုင်း မုံရွာမန္တလေးလမ်းမပေါ်မှာခရီးသည်တင်ကားတစီးကိုစစ်ကောင်စီက လူသားဒိုင်းအဖြစ်အသုံးချသွားပါတယ်။
ဒီနေ့ထိုလမ်းပေါ်မှာစစ်ကောင်စီရဲ့သံပြားကာစစ်ကားနှစ်စီးကို တော်လှန်ရေးအဖွဲ့တွေခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားနေချိန်လမ်းပိတ်ထားတာကြောင့် ခရီးသွားကားတွေရပ်တန့်ထားရတယ်။ထိုအချိန်မှာစစ်သူပုန်တွေ ရောက်လာပြီး ရှေ့ဆုံးကခရီးသည်အပြည့်ပါသော ခရီးသည်တင်ကားတစ်စီးကို တိုက်ပွဲဧရိယာထဲခေါ်ယူသွားကာ လူသားဒိုင်းအဖြစ်အသုံးချသွားတယ်။တိုက်ပွဲခဏရပ်တန့်သွားချိန်မှာတော့PDFတွေက ကားပေါ်ကခရီးသည်တွေကို ကယ်ထုတ်ခဲ့ပါတယ်။ဒါပေမယ့်ထိုအချိန်မှာပဲ စစ်သူပုန်တွေကကားအနီးဝန်းကျင်ကို တပ်လေထီးနဲ့ဗုံးတွေကြဲချခဲ့တာကြောင့်ကလေးတစ်ယောက်နဲ့မိခင်တစ်ယောက်အသက်ဆုံးရှုံးခဲ့ရတယ်။ထိုတိုက်ပွဲမှာသံပြားကာ ကားနှစ်စီးကိုဖျက်စီးနိုင်ခဲ့ပေမယ့် စစ်သူပုန်တွေရဲ့လူသားဒိုင်းလုပ်မှုကြောင့် ပြည်သူတချို့အသက်ဆုံးရှုံးခဲ့ရတယ်။
စစ်ကောင်စီကတော့ ထိုဖြစ်ရပ်ကိုPDFတွေလုပ်တာပါလို့လွဲချပါတယ်။ဒါပေမယ့်အမှန်တရားကိုတော့ ဖုံးကွယ်လို့မရပါဘူး။စစ်သူပုန်တွေဟာဟာ နိုင်ငံအတွင်းတိုက်ပွဲတွေမှာ အရပ်သားပြည်သူတွေကို လူသားဒိုင်းလုပ်လေ့ရှိပေမယ့် ဒီတခေါက်မှာတော့ လူသိရှင်ကြားဖြစ်သွားခဲ့ပါတယ်။