TLNAခေါင်းဆောင်တွေစစ်ကောင်စီနဲ့ ဆွေးနွေးဖို့တရုတ်နိုင်ငံကိုထွက်ခွာသွားတယ်လို့သိရတယ်။MNDAAနဲ့စစ်ကောင်စီတို့တွေ့ဆုံပြီး အပစ်ရပ်သဘောတူညီချက်ရပြီးနောက်မှာတော့TNLAနဲ့ပါ ဆွေးနွေးပွဲတွေဖြစ်လာတာပါ။အခုတွေ့ဆုံပွဲမှာစစ်ကောင်စီကအပေါ်စီးကနေဆွေးနွေးလိမ့်မယ်လို့TLNAခေါင်းဆောင်အချို့က ပြောထားတယ်။ဒီရက်ပိုင်းထဲမှာလဲ TLNAထိန်းချုပ်ထားတဲ့မြို့တွေကိုလေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေပါတယ်။သူတို့ပြောသမျှ လက်မခံရင်မြင်သမျှဗုံးကြဲဖျက်စီးမယ်ဆိုတဲ့ သဘောပါပဲ။MNDAAနဲ့သဘောတူညီချက်ရပြီးနောက်တော့ MNDAAထိန်းချုပ်နယ်မြေတွေကို ဗုံးကြဲဖျက်စီးမှုတွေမတွေ့ရတော့ပါဘူး။စစ်ကောင်စီက အခုလိုအကြပ်ကိုင်နေပေမယ့်လဲပထဆုံးအကြိမ်တွေ့ဆုံမှုဖြစ်တာကြောင့် သဘောတူညီချက်တစ်စုံတရာ ရရှိလိမ့်မယ်လို့မထင်ပါဘူး။
မေ ၂၁၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
မနေ့ကအပစ်ခံရလို့ ရွှေကူမြို့ဘက်အရေးပေါ်ဆင်းသက်လိုက်ရတဲ့ စစ်တပ်ရဟတ်ယာဥ်ကို KIAကအသေခံဒရုန်းနဲ့တိုက်ခိုက်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ထိုဒရုန်းဟာ...