TLNAခေါင်းဆောင်တွေစစ်ကောင်စီနဲ့ ဆွေးနွေးဖို့တရုတ်နိုင်ငံကိုထွက်ခွာသွားတယ်လို့သိရတယ်။MNDAAနဲ့စစ်ကောင်စီတို့တွေ့ဆုံပြီး အပစ်ရပ်သဘောတူညီချက်ရပြီးနောက်မှာတော့TNLAနဲ့ပါ ဆွေးနွေးပွဲတွေဖြစ်လာတာပါ။အခုတွေ့ဆုံပွဲမှာစစ်ကောင်စီကအပေါ်စီးကနေဆွေးနွေးလိမ့်မယ်လို့TLNAခေါင်းဆောင်အချို့က ပြောထားတယ်။ဒီရက်ပိုင်းထဲမှာလဲ TLNAထိန်းချုပ်ထားတဲ့မြို့တွေကိုလေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေပါတယ်။သူတို့ပြောသမျှ လက်မခံရင်မြင်သမျှဗုံးကြဲဖျက်စီးမယ်ဆိုတဲ့ သဘောပါပဲ။MNDAAနဲ့သဘောတူညီချက်ရပြီးနောက်တော့ MNDAAထိန်းချုပ်နယ်မြေတွေကို ဗုံးကြဲဖျက်စီးမှုတွေမတွေ့ရတော့ပါဘူး။စစ်ကောင်စီက အခုလိုအကြပ်ကိုင်နေပေမယ့်လဲပထဆုံးအကြိမ်တွေ့ဆုံမှုဖြစ်တာကြောင့် သဘောတူညီချက်တစ်စုံတရာ ရရှိလိမ့်မယ်လို့မထင်ပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


